5. အိမ်နီးချင်း

1.3K 156 19
                                    

ခါတိုင်းတည်နေကြထပ်ကို ပိုတည်နေတဲ့ ဟန်ဘင်းဟာ ကားမောင်းနေရင်း ဘာစကားမှမပြော ... ဟာအို မှာ အနေရခက်စွာဖြင့် ခါးပတ်ကြိုးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်နေမိသည် ..

ခုနက ဂွန်းဝုရှေ့ကနေ သူ့ကို ကားပါကင်ထိ ဆွဲခေါ်လာပြီး တစ်ခါတည်း အိမ်ပြန်မယ်ဖြစ်သွားပါရောလား ...

ကားကလဲ အရှိန်အတော်များနေတာမို့ ဟာအို အန္တရာယ်ဖြစ်မှာစိုးရိမ်နေလေပြီ ...

"ဟန်ဘင်း ..."

သူ ဟန်ဘင်း လက်မောင်းကို ဖွဖွလေး ဆုပ်ကိုင်ရင်း ခေါ်တော့ ဟန်ဘင်းက လှည့်ကြည့်လာသည် ..

"ဟင် .. အင်း .. ပြော ဟာအို"

"ကား အရှိန်နည်းနည်းလျှော့လိုက်ပါလားဟင်? အန္တရယ်များလို့ပါ .. ဒါမှမဟုတ် ငါမောင်းပေးရမလား?"

ဟာအိုပြောမှ သတိထားမိတဲ့ပုံနဲ့ ဟန်ဘင်း ချက်ချင်းအရှိန်လျှော့လိုက်သည် ..

"Sorry sorry.. ကိုယ် နည်းနည်း စိတ်လွတ်သွားတယ် .."

"ရပါတယ် .. ဘာတွေ တွေးနေလို့လဲဟင် ... ခုနက ကိစ္စကြောင့်လား?"

"အင်း ဆိုပါတော့ .. ဟာအို့ကို တစ်ခုမေးလို့ရမလား?"

"အင်း မေးလေ"

"သူနဲ့ ဘယ်လိုသိတာလဲ?"

"မနေ့က ကြက်ကြော်ဆိုင်ကအထွက် ကောင်မလေးတစ်ချို့ ငါ့အနောက်ကလိုက်မယ့်အခြေအနေကနေ သူက ကယ်ပေးခဲ့တာ.. အဲ့ဒါနဲ့ ဒီနေ့ပြန်တွေ့တာပဲ"

"ကိုယ်လဲမသိရပါလား"

"ဟန်ဘင်းစိတ်ပူနေမှာစိုးလို့ပါ"

ဟန်ဘင်းက ဘာမှမပြောပဲ ငြိမ်သွားပြန်လေသည် ... ဟာအို ဟန်ဘင်း ကို ကြည့်လိုက် နှုတ်ခမ်းကို ကိုက်လိုက်နဲ့ လုပ်နေမိသည် ..

"ငါ ... ငါမှားသွားပြီလားဟင်? ဟန်ဘင်း နဲ့ အဆင်မပြေတဲ့သူမှန်းငါမသိခဲ့လို့ .. "

"ဟာအို့အမှားမှ မဟုတ်ပဲ .. ကြိုသိထားတဲ့ကိစ္စမှ မဟုတ်တာ .. ဒါပေမယ့် ဖြစ်နိုင်ရင် သူနဲ့ မပေါင်းစေချင်ဘူး"

"နှစ်ယောက်ကြားမှာ ဘာကိစ္စရှိလို့လဲဟင် ... မေးလို့ရမလား?"

"ဒါမျိုးက မသိတာကောင်းပါတယ် .. ဒီတိုင်း သူ့ကို မပေါင်းစေချင်ဘူးလို့ပဲ သိထားရင်ရပြီ ဟာအို"

Love Again (Start)Where stories live. Discover now