#Hello_Switzerland
#Ascona
#Cern
#MedievalGruyères
#Lauterbrunnen
#Mount_Matterhornစသည့် # ပေါင်းစုံနှင့် သွားလည်ခဲ့သည့်နေရာတိုင်းမှာ ဓာတ်ပုံရိုက်ကာ Instagram မှာ ပရိတ်သတ်တွေအတွက် တင်ရင်း ဟာအို့ကိုပါ Tag ဖို့ မမေ့ခဲ့ ..
ဟာအိုက ဓာတ်ပုံအရိုက်မခံချင်ဘူးလို့သာ ပြောတာ နေရာတိုင်းမှာ သူချည်း ဓာတ်ပုံရိုက်တာ ကင်မရာတောင် Storage ပြည့်သည့်ထိပင် ..
ဟန်ဘင်း နဲ့ တူတူရိုက်လိုက် , ရှုခင်းတွေရိုက်လိုက် , တစ်ယောက်တည်းရိုက်လိုက်နှင့် ပြီးရင် ညကျ ပုံတင်ဖို့အတွက် ဟန်ဘင်းက ပုံရွေးပေးရသေးသည် ..
Korea မှာ ဆိုရင် ယောင်္ကျားလေးနှစ်ယောက် လက်တွဲသွားရင်တောင် ပြောမယ့်သူတွေ ရှိသေးတာ ... ဒီမှာတော့ ပြောမယ့်သူမရှိ .. သူတို့ အင်္ကျီဆင်တူလေးတွေဝတ်ပြီး လက်တွဲလျှောက်နေရင်တောင် ချစ်စရာကောင်းလွန်းလို့ ဓာတ်ပုံရိုက်သွားတဲ့ သူနဲ့ .. ဟာအို့ကိုလှလွန်းလို့ဆိုပြီး လာပြောတဲ့သူတွေတောင်ရှိသည် ..
"ဟင်း ... ကိုရီးယားကိုတောင် မပြန်ချင်တော့ဘူး ဟန်ဘင်းရယ်"
ညဘက် ဟိုတယ်ကနေ ရှုခင်းကြည့်ရင်း ဟာအိုက ပြောလာသည် ..
"အဲ့လိုလုပ်မလား?"
"ဘယ်ဖြစ်မလဲ ဟန်ဘင်းက အလုပ်ရှိတယ်လေ .. ငါလဲ အမေနဲ့ အဝေးကြီးမနေချင်ပါဘူး"
"အမေ့ကိုပါ ဒီခေါ်ပြီး နေကြမယ်လေ .."
ဟန်ဘင်းပြောတော့ ဟာအိုက ရယ်ကာ လှည့်ကြည့်လာသည် ..
"ငါက ဒီလိုပဲ ဒီမှာ ပျော်လို့ပါ .. မနက်ဖြန် ပြန်ရမှာဆိုတော့ ဒီမှာေနခဲ့ရတဲ့အချိန်ေတွကို နှမြောတယ်လေ"
"ဟာအို ပျော်ရင် မောင်တို့ ခနခန လာလည်ကြမယ်လေ ... ဒီနိုင်ငံပဲ မဟုတ်ပဲ ဟာအို့ကို တစ်ကမ္ဘာလုံး နှံ့အောင် ခေါ်သွားမယ်"
"တစ်ကယ်နော် .. နောက်မှ ဟိုဟိုဒီဒီ မပြောရဘူး"
လက်သန်းလေးထောင်ကာ ကတိတောင်းလာတဲ့ ဟာအိုကြောင့် ဟန်ဘင်း ရယ်ရင်း လက်သန်းလေးကို ပြန်ချိတ်ကာ ပါးကို ပြွတ်ခနဲ လှမ်းနမ်းတော့ ဟာအိုက မျက်စောင်းထိုးကာ ကြည့်လာသည် ..