"အိမ်တွင်းစီးဖိနပ် ထုတ်ထားတယ် အဲ့ဒါစီးပြီး ဝင်လာလိုက် ဟာအို"
Luggage လေး နည်းနည်းတောင် ကူမသယ်ပေးပဲ အရှေ့က အေးအေးဆေးဆေး ဝင်သွားတဲ့ ဟန်ဘင်းကို ဟာအို အနောက်ကနေ လက်သီးသေးသေးလေးပြလိုက်ရင်း ဆူပုတ်ပုတ်နဲ့ ဖိနပ်စီးကာ ဝင်လာလိုက်ပြီးမှ အိမ်အပြင်အဆင်ကို ကြည့်ပြီး ဟာအို ပါးစပ်အဟောင်းသားဖြစ်မိသွားသည် ...
*တစ်ကယ့်ကို ချမ်းသာတဲ့သူပဲ*
ဟာအို ပါးစပ်က ထုတ်မပြောသည့်တိုင် မျက်စိက တစ်အိမ်လုံးလိုလို လိုက်ကြည့်နေမိသည် ...
ဟန်ဘင်းက တစ်ခုချင်းစီ ရှင်းပြနေလေရဲ့ ..
"အိမ်ရှေ့ခန်း နဲ့ မီးဖိုချောင်ကတော့ မြင်တဲ့အတိုင်းပဲ ... မီးဖိုချောင်ထဲက အပေါ်ထပ်ဘီရိုထဲမှာ ခေါက်ဆွဲထုပ်တွေထည့်ထားတယ် ... ရေခဲသေတ္တာထဲမှာလဲ သောက်စရာ အစုံရှိတာမို့ ဘာဖြစ်ဖြစ် အကုန် ယူစား ယူသောက် လို့ရတယ် .. နောက်ပြီး ဟာအို နေရမယ့်အခန်းက ကိုယ့်မျက်နှာချင်းဆိုင်အခန်း .. ကိုယ်ကတော့ လိုအပ်မယ်ထင်တာတွေ လုပ်ခိုင်းထားတာပဲ .. အရင်ကြည့်ပြီး လိုအပ်တာရှိရင် မနက်ဖြန် သွားဝယ်ကြတာပေါ့"
"ဟုတ်"
"ကဲ .. မေးစရာရှိသေးလား? မရှိတော့ရင် အိပ်တော့မယ်"
ပါးစပ်က ဘာမှတောင် မပြောရသေး ... သူ့ဘာသာမေးပြီး သူ့ဘာသာလှည့်ထွက်သွားပြန်တဲ့ ဟန်ဘင်းကြောင့် ဟာအို ဧည့်ခန်းထဲမှာ ကြောင်တောင်တောင် နှင့် ရပ်ကျန်နေမိတော့သည် ..
*ဒီလိုလှည့်ထွက်သွားမယ်ဆို ဘာလို့ မေးစရာရှိသေးလား လို့မေးနေသေးလဲ? ဒီလူဆိုးဟာ!*
ဟာအို ပွစိပွစိ နှင့် ပြောဆိုကာ သူ့အခန်းဆီကိုသာ ဦးတည်သွားလိုက်ကာ ပစ္စည်းတွေနေရာတကျ ထည့်လိုက်သည် ...
အခန်းက Master Bedroom ပဲမို့ အခန်းအတော်ကျယ်ပြီး ရေချိုးခန်း အိမ်သာ ကအစ အခန်းထဲမှာပဲ ရှိသည် .. တစ်ကယ်တမ်း ဟန်ဘင်းက အခန်းထဲမှာ လိုလေးသေးမရှိ TV , Laptop , Sofa ဘာညာ အကုန်ထည့်ပေးထားတာမို့ ဟာအိုဘာမှ ပူစရာမလို..