9 - ရန်ဖြစ်လိုက်ပြန်ချစ်လိုက်

1.3K 128 15
                                    

Toilet သွားဖို့ ပြောတဲ့ ဟန်ဘင်း ကို ဟာအို ခေါင်းခါပြဝောာ့ ဟန်ဘင်း ဘာမှမပြောပဲ ထွက်သွားတာကို ကြည့်ရင်း ဟာအို နှုတ်ခမ်းဆူမိသည် ..

"စိတ်ကောက်နေကြတာလား နှစ်ယောက်က"

ဂွန်းဝုအပြောကို ဟာအို ခေါင်းခါပြလိုက်သည် ..

"ဟင့်အင်း ငါက စိတ်ကောက်ချင်ယောင်‌ေဆာင်နေတာ"

"ဟင် ... ဘာလို့လဲ?"

"အချော့ခံချင်လို့လေ ... သူက မင်းနဲ့ကို တအားသဝန်တိုနေတာ .. အဲ့တာကြောင့် စိတ်ကောက်ချင်ယောင်ဆောင်နေတာကို သူက ငါ့ကို ပြန်စိတ်ကောက်နေ‌လားမသိဘူး"

ဂွန်းဝုက ပြုံးရင်း ပြောလာသည် ...

"အကိုတို့က ဟန်ဆောင်လက်ထပ်ထားတာရော ဟုတ်ရဲ့လား ... မသိရင် အရမ်းချစ်တဲ့ စုံတွဲတွေကျလို့"

"အေးနော် ... ငါလဲ ဒီလို သံယောဇဉ်ဖြစ်သွားမယ်မှန်းမသိဘူး ... အစက သိပ်မုန်းဖို့ကောင်းတာ .. ဆောင်းဟန်ဘင်း ဆို နာမည်တောင် မကြားချင်တဲ့ထိပဲ ... ဒါမယ့် လက်မထပ်ခင် တစ်လလောက် တူတူနေပြီးနောက် အမြဲမြင်နေရလို့ ထင်တယ် .. သံယောဇဉ် အတော်တွယ်မိသွားတာ"

"အကိုဟန်ဘင်းကို ချစ်နေပြီလား?"

ဂွန်းဝုအမေးကြောင့် ဟာအို စဉ်းစားမိသွားသည် .. ဟန်ဘင်းအပေါ် စိတ်တစ်ချို့ရှိနေတာမှန်ပေမယ့် အဲ့ဒါက အချစ်လား ဆိုတာ ဟာအို သေချာမသိ...

"ငါ ... အဲ့လို မသိဘူး ... ငါသိတာက ဟန်ဘင်းဆီက ငါ့ကိုပဲ ဂရုစိုက်တဲ့ attention တစ်ခု လိုချင်တယ် ... သူ့ကိုချွဲချင်တယ် ... အတူတူ ရယ်မောချင်တယ် .."

တွေးတွေးဆဆပြောလာတဲ့ ဟာအို့ကို ကြည့်ပြီး ဂွန်းဝုကို ရယ်တော့သည် ...

"ဪ ... ကျန်းဟာအိုရယ် ... အဲ့ဒါ ခင်ဗျားလေး ချစ်မိနေတာလို့ခေါ်တယ်ဗျ"

"အဲ့ဒါမျိုးကို ချစ်တယ် ခေါ်တာလား?"

"အသက် ၂၇ ဖြစ်နေပြီ .. ရည်းစားမထားဖူးဘူးလား ချစ်တယ်ဆိုတာမသိရအောင်"

ဟာအို မျက်နှာမဲ့သွားရင်း နှုတ်ခမ်းဆူမိသွားသည် ..

"ငါ ရည်းစားမထားလိုက်ရပဲ ယောင်္ကျား တန်းရသွားတာလေ ..."

Love Again (Start)Where stories live. Discover now