"ရာဇဝင် တွင်လောက်တယ်"
အပိုင်း-၁
"ရွှေစွန်ညို"
ထိုနာမည်သည် ရွာနာမည် ဖြစ်၏။ထိုရွာလေးတွင် ဒီကနေ့ လူတွေ ဟိုတစ်စု ဒီတစ်စု စုဝေးနေကြသည်။
အဘယ်ကြောင့်နည်း။
အကြောင်းကား.......
"သူဌေးကြီး လာပြီဟေ့ ဗုံတီးကြတော့"
"ဗုံ....ဗုံ...ဗုံ...."
ဖုန်မှုန့်တွေ လှိုင်းထလာခြင်းနဲ့အတူ ပါဂျဲရိုး ကားတစ်စီးနဲ့ ကုန်တင်ကားကြီးက ရွာလမ်းအတိုင်း မောင်းဝင်လာ၏။
ပါဂျဲရိုးကားကြီးက နှစ်ထပ်ပျဉ်ထောင် အိမ်ကြီးရှေ့တွင် ရပ်သွားသည်။
"ဂျောက်"
တံခါးဖွင့်သွားခြင်းနဲ့အတူ တောနဲ့ မအက်စပ်တဲ့ ရှူးဖိနပ်ဝတ်ထားတဲ့ လူတစ်ယောက် ဆင်းလာ၏။ထိုလူသည် ဥပတိရုပ် ကောင်းကောင်းနဲ့ တည်ကြည်ခန့်ညားနေ၏
ထိုလူသည် သူဌေးကြီး "ထွန်းတောက်ရှိန်" ဖြစ်၏။သူဌေးကြီး ထွန်းတောက်ရှိန်က ကားပေါ်မှာ ပါလာတဲ့ ဇနီးသည် "ခင်ထားမေ"ကို ဖေးမတွဲခေါ်၏။
ရုပ်ရည်လွန်စွာ ချောမောသော သူဌေးကတော်သည် ကိုယ်ဝန် အရင့်အမာကြီးနဲ့ ဖြစ်၏။
နှစ်စဉ် ပြုလုပ်ပေးနေကြ ရွာဦးစေတီ ဘုရားပွဲကို လာရောက်ကြခြင်း ဖြစ်သည်။
"သူဌေး ကြွပါ "
"အေး..အေး"
ဦးထွန်းတောက်ရှိန်က ခေါင်းညိတ်ပြပြီး သူဌေးကတော်ကို တွဲဝင်၏။
"သူဌေးကတော်က ချောလိုက်တာနော်"
"ဟုတ်ပါ့ "
"အရုပ်မလေး ကျနေတာပဲ"
"ချမ်းသာသလောက် စိတ်ထားလဲ ကောင်းကြတယ်"
ရွာသူ ရွာသားတွေရဲ့ တီတိုးစကားသံက အိမ်ရှေ့ကနေ ထွတ်ပေါ်လာ၏။
ထိုစဉ် ဦးထွန်းတောက်ရှိန်က ပြန်ထွတ်လာပြီး ရွာသားတွေ ဝေ့ကြည့်၏။
"ကဲ ရန်ကုန်ကနေ လိုအပ်မယ် ထင်တဲ့အရာတွေ ယူလာတယ် ဟောဟို ကုန်တင်ကားနဲ့အပြည့်ပဲ ဦးမာန် ခွဲပေးလိုက်ပါ"