"ရာဇဝင် တွင်လောက်တယ်"
အပိုင်း-၄
"ဒေါက်..ဒေါက်"
ဒေါက်ဖိနပ်သံ တဒေါက်ဒေါက် အသံက ဧည့်ခန်းကို ဖြတ်ကျော်လျက် အပေါ်ထပ်ထိတိုင် ညဦးယံ အချိန်တွင် ထွက်ပေါ်လာ၏။
"မဒီလေး နောက်ကျလိုက်တာ"
အသံနဲ့အတူ ခင်အုန်းက ပြေးလာပြီး လာတွဲ၏။
"မေအုန်း မအိပ်သေးဘူးလား"
"မဒီလေးကို စောင့်နေတာလေ"
"မေမေကော့ အခြေအနေ ဘယ်လိုလဲ"
"အိပ်နေပြီ"
"အဟွန်း အဲကြောင့် ငြိမ်ချက်သား ကောင်းနေတာပဲ"
မဒီနှုတ်ခမ်းလေး မဲ့ပြုံး ပြုံးသွားရသည်။
"မဒီလေး အရက်သောက်လာတာလား"
"အရက် မဟုတ်ပါဘူး မေအုန်းကလဲ ဝိုင်ပါ"
"ဒါပေမယ့်...."
"မေအုန်း မဒီ အိပ်ချင်ပြီ"
"အော် အေးအေး"
ခင်အုန်းက မဒီကိုယ်ပေါ် ဂွမ်းစောင်လေး ခြုံပေးပြီး ဆံပင်လေးကို သပ်ပေးလိုက်၏။
ထိုစဉ်
"သွားးမလာနဲ့"
စူးစူးဝါးဝါး အော်သံ ထွက်ပေါ်လာ၏။
"ကျွတ်"
မဒီ ခေါင်းအုံး ဆွဲယူပြီး နားနှစ်ဖက်ကို ပိတ်ထားလိုက်၏။
ခင်အုန်းက မဒီအခန်းတံခါးဆွဲပိတ်ပြီး ပြုံးလိုက်သည်။"ခင်အုန်း"
"လာပြီ ကိုကြီး"
ခင်အုန်း အပြေးရောက်သွားတော့၊
"ဟာ..ကိုကြီးနော်..အရမ်းဆိုးတာပဲ"
"ဟားဟားဟား"
ချွဲတုတု အသံလေးနဲ့အတူ ရယ်သံလေးတွေ ထွက်ပေါ်လာ၏။
💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜
"ဟင်"
ပိုး ခြေလှမ်းလေး ရပ်သွားရသည်။သူမ စာသင်ပြီးတဲ့အချိန်တိုင်း ဂုဏ် အမြဲတမ်း လာစောင့်ကြည့်၏။
တရက်လည်းမဟုတ် နှစ်ရက်လည်း မဟုတ်တော့ ဂုဏ်မြင်တာနဲ့ စိတ်ကတိုချင်လာ၏။