"ရာဇဝင် တွင်လောက်တယ်"
အပိုင်း-၁၆
"အဒေါ် နေကောင်းရဲ့လား"
"ကောင်းပါတယ်"
ဒီနေ့ ဒေါ်ခင်ထားမေကို ကြည့်ရသည်မှာ ခါတိုင်းနဲ့မတူဘဲ ကြည်လင်နေ၏။ဆံပင်ကို သေသေသပ်သပ် ထုံးဖွဲ့ထားပြီး မှုံညက်နေအောင် သနပ်ခါး ပါးပါးလေးပါ လူးထားလေသည်။
အိမ်ရှေ့ထွက်ထိုင်နေသော ဒေါ်ခင်ထားမေ ဘေးတွင် ခြားဝင်ထိုင်လိုက်ပြီး၊
"ဘာစားချင်လဲ အဒေါ်"
"မစားချင်ပါဘူးကွယ် အိမ်ပြန်ရင်ကောင်းမလားလို့"
"ဗျာ"
ခြား အံသြသွားတော့ ဒေါ်ခင်ထားမေ ခေါင်းညိတ်လိုက်ပြီး
"မင်းဆီမှာပဲ ကပ်နေလို့မှမဖြစ်တာ"
"အဒေါ် အကုန်မှတ်မိပြီလား"
"အင်း မှတ်မိပြီ ဖြစ်နိုင်ရင် အိမ်ထိလိုက်ပို့ပေးပါလား"
"ဘယ်တော့ပို့ပေးရမလဲ"
"ခုပဲ"
"ဟင် ဘာမှမသိမ်းတော့ဘူးလား"
"သိမ်းစရာမှမရှိတာ မောင်ခြားဝယ်ပေးထားတာတွေပဲလေ"
"မဟုတ်တာဗျာ အကုန်ယူသွားပါ"
ဒေါ်ခင်ထားမေ ခေါင်းခါယမ်းလိုက်သည်။ခြားလည်း ဘာမှမတတ်နိုင်တော့ဘဲ...လိုက်ပို့ရတော့သည်။
"အဒေါ် နေကောင်းသွားတာ ကျွန်တော်ဝမ်းသာလိုက်တာ သုံးလတည်းနဲ့ပျောက်သွားတာ"
"ငါက အစကတည်းက ရူးနေတာမ ှမဟုတ်တာ ငါကို သူတို့တိုက်တဲ့ဆေး သောက်မိပြီး ဖြစ်သွားတာ"
"စိတ်မကောင်းပါဘူး အဒေါ်"
"ရပါတယ် သမီးပိုးကို နှုတ်ဆက်တယ် ပြောပေးပါ သူ့ကြောင့် အဒေါ်အထီးမကျန်ဘဲ နေကောင်းသွားတာ မောင်ခြား မင်းတို့နှစ်ယောက်ကို အရမ်းကျေးဇူးတင်တယ်"
"အဒေါ် ဘယ်ခြံလဲ"
"အိမ်နံပတ် ၁၄"
"ဟင် အဲဒါ ဦးထွန်းတောက်ရှိန်အိမ်ပဲ ဒါ..ဒါဆို အဒေါ်က"
"ဟုတ်တယ် အဒေါ်က ဦးထွန်းတောက်ရှိန်ဇနီး ဒေါ်ခင်ထားမေပဲ"
"မောင်ခြားက အဒေါ်ယောက်ျားနဲ့သိလို့လား"