"ရာဇဝင် တွင်လောက်တယ်"
အပိုင်း-၈
"တီ..တီ"
ကားဟွန်းသံ ကြားရပေမယ့် ပိုးက လှည့်မကြည့်ပေ။ကြည့်စရာ အကြောင်းလည်း မရှိဘူးကိုး။သူမ သွားနေတာက လမ်းဘေး ပလက်ဖောင်းတွင် ဖြစ်သည်။
"တီ..တီ"
"အမလေး"
အနားကပ် ဟွန်းတီးသံကြောင့် ပိုး ဆက်ခနဲ တုန်သွားရသည်။လှည့်ကြည့်လိုက်တော့ ကားပေါ်က ဂုဏ်က လက်ပြ၏။
ပိုး စိတ်တိုသွားရကာ
"ဘာဖြစ်နေတာလဲ ဟွန်းအကျယ်ကြီး တီးနေရအောင်"
ပိုး ရပ်ပြီး ရန်တွေ့လိုက်တော့ ဂုဏ်က ကားရပ်ပြီး ဆင်းလာသည်။
"ကိုယ့်အိမ်ကို သွားနေတာမလား လာလေ...ကားပေါ်တက်"
"အိုး မတက်နိုင်ပါဘူး"
ပိုး အသည်းအသန် ငြင်းနေတော့ ဂုဏ်ရယ်လိုက်သည်။
"ဘာလို့လဲ"
"မတင့်တော်ဘူးလေ ကားလိုိက်စီးနေအောင်ထိ"
"တင့်တော်ပါတယ်"
"မတော်ဘူး"
"တော်ပါတယ်"
"မတော်ပါဘူးဆို"
"တော်လောက်ပါတယ်"
"ဦးဂုဏ်"
"ဗျာ"
ပိုး မျက်နှာလေးရဲတွတ်သွားရပြီး ဂုဏ်ကို ဆောင့်ခေါ်၏။ဂုဏ်က မသိသလိုနဲ ထူး၏။
ပိုး စိတ်ဆိုးဆိုးနဲ့ ထွက်သွားတော့ ဂုဏ်က နောက်က လိုက်လာ၏။ပိုး ကားကို မျက်လုံးစွေစောင်းကြည့်ပြီး၊
"ဘာလို့ လိုက်လာတာလဲ"
"မင်းနဲ့ စကားပြောချင်လို့"
"ကား ဘယ်လို့လုပ်မလဲ"
"နောက်မှ လာယူခိုင်းလိုက်မယ်"
"ဦးဂုဏ် ကားနဲ့သွားလိုက်ပါ"
"မင်းပါမှ"
"ပိုးက လမ်းလျှောက်သွားနေကြ"
"လမ်းလျှောက်တော့ စကားပိုပြောရတာပေါ့လေ သွားလေ ကျန်းမာရေးပေါ့"
ဂုဏ်က ပြောပြီး ရှေ့ကသွား၏။ပိုး ရပ်ကျန်နေခဲ့ပြီးမှ
"ဦးဂုဏ်"