"ရာဇဝင် တွင်လောက်တယ်"
အပိုင်း-၉
"အားးး"
ဦးထွန်းတောက်ရှိန် ခေါင်းကို လက်နဲ့ဖိပြီး နံရံပေါ် မှီထားလိုက်ရသည်။
"ငါ ဘာဖြစ်တာလဲ"
"ကိုကြီး"
ဒေါ်ခင်အုန်းက အပြေးရောက်လာသည်။ဦးထွန်းတောက်ရှိန်က ဒေါ်ခင်အုန်း အကူအညီနဲ့ ကုတင်ပေါ် ထိုင်ချလိုက်သည်။
"ထား"
"ထား မင်း ဘယ်ရောက်နေတာလဲ"
ဦးထွန်းတောက်ရှိန်က လွမ်းဆွေးသော အရိပ်အယောင်နဲ့ အော်ခေါ်လိုက်သည်။ဒေါ်ခင်အုန်း မျက်နှာပျက်သွားလျက်
ခဏအကြာတွင် စူးရှ၍ မွှေးသော အနံ့ပြင်းပြင်းတစ်ခုကို ဦးထွန်းတောက်ရှိန် ရှူလိုက်မိသည်။
ချိုအီသော အနံ့နဲ့အတူ ခေါင်းတစ်ခုလုံး တစ်ခုခုစီးဆင်းသလို ခံစားလိုက်ရသည်။
ထို့နောက်....
"ခင်အုန်း"
သူ့အသိထဲတွင် မိန်းမဆိုရင် ခင်အုန်းနဲ့သူ့သမီး မဒီတစ်ယောက်သာ စိုးမိုးနေတော့သည်။
"ကိုကြီး ခေါင်းကိုက်လို့လား ဆေးသောက်လိုက်လေ"
အဖြူရောင် ဆေးပြားလေးသည် ခေါင်းကိုက်ပျောက်ဆေး မဟုတ်တာ သိပေမယ့်....
ထိုဆေးပြားကို မြင်တာနဲ့ သောက်ရမယ့်စိတ်က အလိုလို သိနေသည်။
ဦးထွန်းတောက်ရှိန် ဆေးသောက်ပြီး အိပ်ရာပေါ် မှေးစင်းသွားမှ ဒေါ်ခင်အုန်း ကောက်ကျစ်စွာ ပြုံးလိုက်သည်။
"ကိုကြီး လုပ်ရမှာက အလုပ်ကြိုးစားဖို့ တစ်ခုတည်းနဲ့ ကျွန်မတို့ ဘာလုပ်လုပ် ပါးစပ်ပိတ်နေဖို့ပါပဲ"
ဒေါ်ခင်အုန်း စကားတို့သည် ဦးထွန်းတောက်ရှိန် နားထဲမှတစ်ဆင့် ကိုယ့်ခန္ဓာတစ်ခုလုံး ဝေ့ယမ်းမွှေနှောက်၏။
💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜
"ဆရာမ"
"ဟင်""သားကို ဦးဂုဏ် ခေါ်နေပြန်ပြီ"
"ဘယ်မှာလဲ"ပိုးက သားကောင်းကို မေးရင်း တံခါးဝဖက်ကို လှည့်ကြည့်၏။ထိုအခါ တံခါး လေးက ဟစိ,ဟစိ ပိတ်ကျန်ခဲ့သည်။
ပိုး မျက်နှာလေး ပြုံးသွားရကာ