"ရာဇဝင် တွင်လောက်တယ်"
အပိုင်း-၁၁
"တီ..တီ"
ကားဟွန်းသံနဲ့အတူ ကားတစ်စီးက ဆင်ဝင်အောက်ကို လာရပ်လာသည်။ဦးဓနဂုဏ်က အိမ်ပြင်ထွက်ပြီး ကြည့်လိုက်သည်။
"ဟင် သမီး မဒီပါလား"
ဟုတ်ပါသည် ကားပေါ်က ဆင်းလာသူက မေမဒီရှိန်ရယ်။မဒီက လှပစွာ ပြုံးလိုက်သည်။ထို့နောက် နောက်ကို လှည့်ကြည့်ပြီး...၊
"အိတ်တွေကို အကုန်ချလိုက်တော့ အန်ကယ်ရယ် အလုပ်သမားတွေ ရှိတယ်မလား"
မဒီက ပြောနေရင်း ဦးဓနဂုဏ်ကို လှမ်းမေး၏။ဦးဓနဂုဏ်က ခေါင်းညိတ်ပြီး၊
"ရှိပါတယ် ဒါနဲ့ ဒီအိတ်တွေက"
"အဟွန်းးမဒီ အိတ်တွေလေ "
"ဟမ်"
"မဒီ ဒီအိမ်မှာ နေမှာ"
"ဘယ်လို"
"မဒီ အိမ်ထဲဝင်ပါရစေ အန်ကယ်"
ဦးဓနဂုဏ် နားမလည်ပေမယ့် ခေါင်းညိတ်လိုက်သည်။
မဒီက ကျော့ကျော့မော့မော့ လျှောက်ဝင်သွားပြီး ဆိုဖာတွင် ဝင်ထိုင်လိုက်သည်။မဒီက လက်ကိုင်အိတ်ထဲက စာချုပ်တစ်စောင်ကို ယူပြီး
ဦးဓနဂုဏ်ကို လှမ်းပေးလိုက်သည်။ဦးဓနဂုဏ်က ဇဝေဇဝါ လှမ်းယူပြီး ငုံ့ကြည့်လိုက်သည်။ထို့နောက် မယုံနိုင်သော အကြည့်ဖြင့် မဒီကို ကြည့်၏။"ဒါက ဘယ်လိုဖြစ်ပြီး..."
"အဟွန်းး လက်ထပ်စာချုပ်လေ အန်ကယ်"
"မဖြစ်နိုင်တာ"
"အတုနဲ့ တူလို့လား အန်ကယ် တရားသူကြီးက အန်ကယ့်မိတ်ဆွေပါနော် မယုံရင် မေးကြည့်လို့ရတယ်"
"မယုံတာ မဟုတ်ပါဘူး အန်ကယ် ဘာမှ မသိရလို့ပါ"
"မဒီ ဒီအိမ်မှာ နေလို့ရပြီလား အန်ကယ်"
"သား ညကတည်းက ပြန်မလာဘူး သမီး"
"ကိုကို ပြန်မလာပေမယ့် မဒီက ဒီအိမ်ကပဲ စောင့်မယ်"
"အိုခေ သမီး"
ဦးဓနဂုဏ် ခေါင်းညိတ်ပြီး လှည့်ထွက်သွား၏။