EPISODE III (UNICODE)

83 20 17
                                    

ဂျွန်မြောင်ရဲ့စကားကြောင့် ယွင်ဂျယ်ယောင်းမှာ စိတ်ရှုပ်ထွေးစွာ အပြင်းအထန်စဉ်စားနေမိသည်။  ယခုနောက်ပိုင်း နည်းပညာမှာ အဆင့်မြင့်တိုးတက်နေတာကြောင့် လူတိုင်းသည်သင့်တော်တဲ့အချိန်တစ်ခုရောက်သည်နှင့် ဒုတိယလိင်ကိုသိခွင့်ရကြသည်ပင်။ မျိုးရိုးဗီဇအသစ်ရှာဖွေတွေ့ရှိချက်တွေဟာလည်း အချိန်နှင့်အမျှထွက်ပေါ်လာတတ်တာကြောင့် ဗီဇအသစ်အဆန်းကို တွေ့နေရတတ်သည်က ပုံမှန်လိုဖြစ်နေလေပြီ။

သို့ပေမယ့် သူ့အရှေ့တည့်တည့်မှ ဒဏ္႑ာရီလာ သမိုင်းဝင်ဒရက်ကူလာကတော့ သက်တမ်းရှည်ကြာစွာနေလာခဲ့သလောက် ခေတ်နှင့်အညီလိုက်ပါမလာနိုင်ခြင်းက ယွင်ဂျယ်ယောင်းအဖို့ ထိုသူနားလည်အောင် ရှင်းပြရသည်မှာ ခက်ခဲသည့်ပြဿနာရပ်ပင်။ ဒါ့အပြင် ထိုသူမှာမိမိထက် သက်တမ်းရာနှင့်ချီအသက်ကြီးပြီး မျိုးရိုးဗီဇပြောင်းလဲမှုကြောင့် အလိုအလျောက်ဖြစ်ပေါ်လာသော ဒုတိယလိင်ကို မသိရှိပါဘဲနေထိုင်လာသည်မှာ မည်မျှသက်တမ်းရှိနေပြီလဲဆိုတာ သူတောင်မခန့်မှန်းနိုင်ပေ။

ယခုအခါမှ သိပ္ပံရှေးဦးပြတိုက်တွင်သာ ရုပ်ကြွင်းဖြစ်နေရမည့် ထိုသမိုင်းဝင်ဒရက်ကူလာမှာ အဆင့်မြင့်ဘီတာဟူသည့် သူကိုယ်တိုင်ပင်မကြားဖူးသော ဒုတိယလိင်အမျိုးအစားပါ ထွက်ပေါ်လာသည့်အခါ... ယွင်ဂျယ်ယောင်း၏ ဉာဏ်ရည်လေးမှာ နဂါးငွေ့တန်းရှိ တွင်းနက်ကြီးထဲစုပ်ယူခံလိုက်ရသလို ခံစားလိုက်ရပါ၏။

" အဲ့ဒါတော့... ကျွန်တော်လဲမသိဘူးပေါ့ "

" .... "

" ကျွန်တော်ဖြင့်အခုမှ အင်ပါယာကိုပြန်ရောက်တာလေ ပြီးတော့ ကျွန်တော်တို့ စစ်တိုက်ထွက်နေတာ ၁နှစ်လောက်ကြာသွားပြီမလို့... "

အချိန်နှင့်တပြေးညီ တိုးတက်နေသည့် ခေတ်ကာလကြီးမှာ ဆန်းသစ်ပြောင်းလဲမှုတွေက မရိုးနိုင်အောင် ထွက်ပေါ်လာမြဲဖြစ်ပြီး လန်အင်ပါယာဆိုသည်ကလည်း အဓိကအကျဆုံးပင်မ အင်ပါယာကြယ်ကြီးလည်း ဖြစ်နေသေးသည်။ သူတို့အာကာသစစ်ပွဲဆင်နွှဲနေစဉ်မှာ တစ်နှစ်အတွင်းအင်ပါယာ၌ အသစ်အဆန်းအပြောင်းအလဲတွေ မည်မျှတောင်ဖြစ်ပျက်သွားပြီးပြီလဲဆိုတာ ယွင်ဂျယ်ယောင်း မသိရှိရသေးပေ။

CRIMSON HAIRED「𝙓𝙄𝙉𝙂𝙃𝙊」Omegavese Where stories live. Discover now