ဂျွန်မြောင်နိုးလာတဲ့အခါ ဘယ်နေရာမှန်းမသိသည့် အဖြူရောင်အခန်းကျယ်ကြီးထဲရောက်နေခဲ့သည်။ တစ်ခန်းလုံး၌ အဖြူရောင်တို့နှင့်သာပြည့်နှက်နေကာ နေ့ဘက်ကဲ့သို့ထိန်းလင်းနေတာကြောင့် သူမျက်မှောင်ကြုတ်မိသည်။ သူ့ကိုယ်ပေါ်ရှိအဝတ်အစားတို့ကတော့ ပြောင်းလဲမသွား အဖြူရောင်လက်ရှည်ဖဲသားအင်္ကျီပွပွထက် အနီရောင်ကုတ်အရှည်က ရှိလို့နေသေးဆဲပင်။
ဂျွန်မြောင် ထိုအခန်းအလယ်တွင်သာ မတ်တပ်ရပ်နေပြီး တခြားသောအံ့သြတကြီးနှင့် ထူးဆန်းသည့် အမူအရာမျိုးလည်းပြမလာခဲ့။ နိုးလာချင်းစစတွင်တော့ သူ့ရဲ့မျက်ဝန်းနက်ကလေးတွေဟာ ဟိုဟိုသည်သည်ကြည့်ရင်း ရွေ့လျားနေခဲ့သေးသည်။ နောက်တော့ဘာကြောင့်ရယ်မသိ သူ့ရဲ့အကြည့်တွေဟာတစ်နေရာထဲကိုသာ ရပ်တန့်သွားပြီး လုံးဝမလှုပ်ရှားတော့ပေ။ ထိုအနေအထားအတိုင်း သူရှိ နေခဲ့သည်က ၃ရက်တိတိ။
ဂျွန်မြောင်ရဲ့ပုံစံက တည်ငြိမ်လွန်းတာကြောင့် သူ့အားအခြားတဖက်၌ စောင့်ကြည့်နေသူမှာ ၎င်းကိုယ်တိုင်ကပင် ဂျွန်မြောင်၏ စောင့်ကြည့်နေမှုကိုပြန်ခံနေရသကဲ့သို့ ဖြစ်ပေါ်စေသည်။
ဟုတ်သည်။ ဂျွန်မြောင်ကို စောင့်ကြည့်နေသည့် မျက်လုံးတို့ကများလှသည်။ အတိအကျပြောရရင် သူတို့အားလုံးဟာ သာမန်လူများမဟုတ်ပေ။ လန် အင်ပါယာ၏ အထူးစုံစမ်းထောက်လှမ်းရေးအဖွဲ့ဖြစ်သော နဂါးငွေ့တန်း တပ်မဟာရှိ အထူးချွန်ဆုံးသောသုတေသနပညာရှင်တွေပင်ဖြစ်သည်။ လူဦးရေအရဆိုလျှင် အယောက်(၁၀၀)တိတိဖြစ်ပြီး ၎င်းတို့အားလုံးမှာ လန် အင်ပါယာ၏ထိပ်တန်းသုတေသီများဟုလည်း သတ်မှတ်၍ရပါ၏။
၎င်းတို့မှာ သိန်းပေါင်းများစွာသောတိုက်ခိုက်ရေးယာဉ်ပျံတို့အား ဦးဆောင်လာပါသည့် အကြီးဆုံးသော အာကာသတိုက်ခိုက်ရေးယာဉ်ပျံကြီး၏ အဓိကအကျဆုံးစမ်းသပ်ခန်းနေရာ၌ လိုက်ပါလာကာ စကြာဝဠာစစ်ကြောင်းခရီးမှ အောင်မြင်မှုများနှင့် အသော့ခရီးနှင်လာသည့် လန်အင်ပါယာ၏ အင်အားအကြီးဆုံး နဂါးငွေ့တန်း တပ်မဟာကြီးပါပေ။
" လက်ထောက်စုံစမ်းရေးမှူး ယွင် အခြေအနေဘယ်လိုရှိသလဲ " လက်အိတ်အဖြူဝတ်ဆင်ထားသော လက်တစ်ဖက်က ပခုံးပေါ်ကျရောက်လာတာကြောင့် ယွင်ဂျယ်ယောင်း တစ်ယောက် နစ်မြောရင်းကာ အသိပြန်ဝင်လာသည်။
YOU ARE READING
CRIMSON HAIRED「𝙓𝙄𝙉𝙂𝙃𝙊」Omegavese
Fanfiction" I saw magic in his eyes. Dirty, Dark & Beautiful magic. " Title: CRIMSON HAIRED [XINGHO] Author : Amaryllis Lian Status : 30 Chapters +7 Extra Genere: Comedy, Future Science, M-preg, ABOworld, Paranormal, Dracular, Werewolf OTP: JunXing Starting D...