SYNOPSIS (UNICODE)

203 28 4
                                    

Title: Crimson Haired [XINGHO]
Author By: Amaryllis Lian
Total Chapter : ???Chapters
Genere: Comedy, modern Science , M-preg, ABOworld, Paranormal, Danmei, JunXing
Starting Date: 1st August 2023
Finishing Date: ××××2023
Update Schedule: Every Monday & Wednesday

Crimson Haired
----------<>•<>----------

ကမ္ဘာပျက်ကပ်ကိုကျော်လွန်ပြီးတဲ့နောက်မှာ လူသားမျိုးနွယ်စုတွေဟာ လူ့အရင်းအမြစ်ဆုံးရှုံးမှုကို ကာကွယ်ဖို့ရာအတွက် အမျိုးမျိုးကြိုးစားရှာဖွေပြီးတဲ့နောက်မှာ ၎င်းတို့ရဲ့ မျိုးရိုးဗီဇအသစ်ကိုရှာဖွေတွေ့ရှိခဲ့ပါသည်။ မျိုးရိုးဗီဇအသစ်ကိုရရှိဖို့အတွက် လူတွေဟာသူတို့ရဲ့ကမ္ဘာမြေကိုစွန့်ခွာခဲ့ရပြီး စကြာဝဠာခရီးကိုစတင်ခဲ့ပြီး နဂါးငွေ့တန်းတလျှောက်က အသက်ရှင်နေထိုင်လို့ရမယ့် ဂြိုဟ်တွေကိုနယ်ချဲ့သိမ်းပိုက်ခဲ့ကြပါ၏။

စကြာဝဋ္ဌာအတွင်းမှာရှိတဲ့ဂြိုဟ်တွေကို ကြယ်စဉ်အမှတ်တွေကဆင့် ဖော်ပြပြီး လူသားတွေအတွက် နေထိုင်ရာကမ္ဘာတွေအဖြစ် သတ်မှတ်ခဲ့ကြပါသည်။ ကြယ်စဉ်တစ်ခုနဲ့တစ်ခုဟာ မြို့တော်တစ်ခုစီဖြစ်လာပြီး အကြီးအကျယ်ဆုံးဂြိုဟ်ကြီးမှာတော့ အင်ပါယာကြယ်စဉ်ဖြစ်လာပြီး အင်ပါယာဧကရာဇ်နဲ့ တော်ဝင်မိသားစုက ကြီးကြပ်ပြီးအုပ်ချုပ်လာကြ၏။

အင်ပါယာတစ်ခုနဲ့တစ်ခုက စကြာဝဠာခရီးစဉ်အရဆိုရင် မိုင်ပေါင်းများစွာမှာရှိကြပေမယ့် သွားလာဆက်သွယ်မှုအတွက် ကြီးမားတဲ့ အာကာသယာဉ်ကြီးတွေကို အသုံးပြုကြရ၏။ အင်ပါယာတစ်ခုတည်းအတွင်းမှာရှိတဲ့ ကြယ်စဉ်တွေဆီသွားမယ်ဆိုရင်တော့ သက်ဆိုင်ရာအာကာသယာဉ်အမျိုးမျိူးကရှိနေမှာဖြစ်လို့ လူသားမျိုးနွယ်တွေဟာ ကမ္ဘာမြေတုန်းကထက်ဆိုင်ရင် အာကာသနဲ့ပိုနီးစပ်သွားတာကလွဲလို့ အခြေအနေဟာမထူးခြားနားပါပင်။

စကြာဝဠာအတွင်းရှင်သန်နေထိုင်ကြရတဲ့အတွက် လူသားတွေဟာ သူတို့ရဲ့သက်တမ်းကိုပိုပြီး ဆွဲဆန့်နိုင်တဲ့နည်းလမ်းအနေနဲ့ မျိုးနွယ်စုတွေအမျိူးမျိူးရဲ့ဗီဇကို ဆက်ခံရလေသည်။ သားရဲမျိုးနွယ်၊ ရေသူမျိုးနွယ်၊ သားနေ္ဓပြောင်းမျိုးနွယ်၊ နတ်သူငယ်မျိုးနွယ်၊ အင်းစက်မျိုးနွယ် ဆိုပြီး မျိုးနွယ်စုကြီးငါးစုက ကွဲထွက်လာခဲ့ရသည်။

CRIMSON HAIRED「𝙓𝙄𝙉𝙂𝙃𝙊」Omegavese Where stories live. Discover now