EPISODE V (ZAWGYI)

26 10 0
                                    

မဒမ်ဂျန်ကတော့ မိသားစုညစာစားပွဲ ပြီးသည်အထိကို သားဖြစ်သူအား အိမ်ထောင်ဖက်ရွေးရန် ဆက်တိုက်ကို တိုက်တွန်းနေခဲ့ပါသည်။ အားတက်သရော်နှင့် သူမချွေးမလောင်းကို စေ့စေ့စပ်စပ်လေး ရွေးချယ်နေသော မဒမ်ဂျန်ထက် အမှန်တကယ် အိမ်ထောင်ပြုရမည့် ရယ်ဟွမ်မှာတော့ မပြောင်းလဲသော မျက်နှာထားနှင့် ပိုတည်ငြိမ်လို့နေလေ၏။

ရယ်ဟွမ်ရဲ့ပုံစံမှာ အမေဖြစ်သူစိတ်ချမ်းသာပါစေတော့ဟု မှတ်ကာအာရုံပြုရင်း မဒမ်ဂျန်ပြောဆိုတိုက်တွန်းသမျှကို နာခံမှုရှိရှိ ခေါင်းငြိမ့်ခေါင်းခါမပြုပါဘဲ နားထောင်နေခဲ့သည်မှာ နောက်ထပ် ၂နာရီလောက်ကြာအောင်ပါပင်။

" သားလေး ဒီရက်ထဲ သားအကြိုက်ဖြစ်လောက်မယ့်သူတွေထဲက မားရွေးပြီး မိတ်ဖက်တွေ့ဖို့စီစဉ်ပေးထားမယ် မနက်ဖြန် မနက်ပိုင်းလေး အချိန်ပေးပြီး တွေ့ကြည့်လိုက် ဟုတ်ပြီလား "

" အင်း ကျွန်တော် နားလည်ပါပြီ "

ရယ်ဟွမ်က မိသားစုညစာစားပွဲအတွက် လာခဲ့ခြင်းသာဖြစ်တာကြောင့် ကျန်းအိမ်တော်၌ ၄နာရီသာကြာအောင် မဒမ်ဂျန်အား အဖော်ပြုပေးပြီးနောက်တွင် ကိုယ့်အိမ်ကိုယ်ပြန်ချိန်ရောက်ပြီဖြစ်သည်။

" သားလေး သွားတဲ့အခါကျရင် မား အသစ်ဝယ်ထားတဲ့ဝတ်စုံကို ဝတ်သွားဖို့မမေ့နဲ့ ပြီးရင်ချိန်းထားတဲ့အချိန်လဲ နောက်မကျစေနဲ့နော်... "

" အင်း၊ အင်း စိတ်မပူပါနဲ့ မားရဲ့ "

" ကျွန်တော် မား ပြောသလိုပဲ လုပ်မှာပါ ဟုတ်ပြီလား "

မဒမ်ဂျန်မှာ သားဖြစ်သူမှ သူမလက်ကိုဆွဲယူလျက် ညင်သာစွာဆုပ်ကိုင်ရင်း သူမမျက်လုံးများကိုကြည့်ကာ ပြောလာတာကြောင့် သက်ပြင်းသဲ့သဲ့ချလိုက်ပါ၏။ သူမရဲ့စိတ်က တချိန်လုံး သူမသား၏မိတ်ဖက်တွေ့ဆုံရာမှ အဆင်ပြေစေဖို့သာ ဂရုစိုက်ထားသည်မလို့ အချိန်တွေတောင် ဒီလောက်ထိကုန်သွားပြီမှန်းမသိလိုက်ပေ။

သူမတို့နှစ်ယောက်မှာ အိမ်တံခါးရှေ့မှာရပ်ရင်း သားဖြစ်သူကို အိမ်မပြန်ခင် နှုတ်ဆက်စကားပြောဆိုနေခြင်းသာဖြစ်သည်။ ရယ်ဟွမ်မှာ သူမခင်ပွန်းသည်နှင့်ဆင်တူသည့် ခရမ်းပြာရောင်မျက်ဝန်းတွေရှိ၏။ ထိုမျက်ဝန်းတွေက နဂါးငွေ့တန်းတစ်ခုလုံးက အလင်းစက်တွေကို အစိုးရထားသလိုမျိုး တောက်ပနေတာကို သူမ မြင်လိုက်ရသည့်အခါ မဒမ်ဂျန်မှာ စိတ်ချသွားရပါသည်။

CRIMSON HAIRED「𝙓𝙄𝙉𝙂𝙃𝙊」Omegavese Where stories live. Discover now