နှုတ်ခမ်းတွေကိုလျှာဖျားဖြင့်သပ်ပြရင်း နားအနီးသို့ကပ်ကာ ရန်စသလိုပြောဆိုလာသည့် အနှီးဒရက်ကူလာရဲ့ လေသံတိုးတိုးက ထူးခြားစွာ ဆွဲဆောင်မှုရှိနေခဲ့သည်။
ရယ်ဟွမ်မှာ မတ်တပ်ရပ်နေရင်း မိမိကိုယ်နှင့်နီးကပ်စွာ ကပ်လာသူရဲ့ ကရိကပါးအပြုအမူတွေကို လျစ်လျူရှုထားလိုက်ပါ၏။ သူ့မိဘတွေကသာ အိမ်ထောင်ပြုဖို့ တွန်းအားမပေးဘူးဆိုလျှင် ဤဒရက်ကူလာအိုကြီးကို လက်ထပ်ဖို့ သူတောင်းဆိုလိမ့်မည်မဟုတ်ပေ။ ဒီနှစ်ရှစ်ရာလူအိုကြီးက လူတိုင်းကို အထင်အမြင်သေးလွန်းပြီး မာနကလည်း မိုးလောက်ကြီးသေး၏။
သို့ပေမယ့်လည်း ကြယ်စဉ်တန်း B_998 ၌ ဒီဒရက်ကူလာရဲ့ တိုက်ခိုက်နိုင်စွမ်း စွမ်းရည်က အထင်မသေးနိုင်သော အနေအထားမှာရှိနေပြန်သည်။ အကယ်၍ ထိုသူရဲ့ကြယ်စဉ်တန်းကသာ ပိုးကောင်တေရဲ့ ကျူးကျော်ခြင်းကိုမခံရဘူးဆိုလျှင် ဤဒရက်ကူလာအိုကြီးမှာ မိမိတို့နှင့်အတူလိုက်ပါလာ လိမ့်မည်မဟုတ်ပေ။
ဒီဒရက်ကူလာမှာ ရယ်ဟွမ်တောင် မမြင်နိုင်သောစွမ်းရည်တွေနဲ့ ပြည့်နှက်နေလောက်သည်။ သို့သော် စွမ်းအားကြီးသတ္တဝါတစ်ကောင် ဖြစ်နေတာတောင်မှ ထိုလူက မည်သူ့ကိုမျှ ပြန်တိုက်ခိုက်ခြင်းလည်းမပြုပေ။ ဒါက သူတို့ကို တိုက်ခိုက်ရန် ပျင်းရိလွန်းနေ၍လား၊ ဒါမှမဟုတ် နောက်ကွယ်မှာ မည်သို့သော် အကြံအစည်မျိုးရှိနေသလဲဆိုတာ ဘယ်သူကပြောနိုင်ပါ့မလဲ?
အရင်ဆုံး ဒီလိုအန္တရာယ်များလွန်းတဲ့ ဒရက်ကူလာအိုကြီးကို အနီးကပ်စောင့်ကြည့်နေဖို့လိုပြီး ထိုအရာက လက်ရှိမှာ သူ့ရဲ့တာဝန်သာ ဖြစ်နေသေး၏။ နောက်ပြီး သူ့ရဲ့နေအိမ်အထိလာပြီး သူ့သွေးကိုသောက်ဖို့တောင် ပြောဆိုရဲသည့် ဒီဒရက်ကူလာကောင်ရဲ့ အစွမ်းသတိ္တက တော်ရုံတန်ရုံမဟုတ်မှန်း ရယ်ဟွမ် ခန့်မှန်းမိတာကြောင့်။
" ကောင်းပြီ "
" သေချာရဲ့လား ဗိုလ်ချုပ်လေး? မင်းရဲ့ သွေးက ကျုပ်ရဲ့ နေ့စဉ်အစာဖြစ်လာမှာနော် "
သူ့ရဲ့ဒုံးတိဆန်သော အဖြေစကားကို ဒရက်ကူလာအိုကြီးက လှောင်ပြောင်လာသေး၏။ ရယ်ဟွမ် လက်သီးကို တင်းတင်းဆုပ်လိုက်မိပြီး ကိုယ့်စိတ်ကိုယ်ထိန်းချုပ်ထားရင်း မိမိဘေးမှလူကို မျက်စောင်းထိုးကာ ကြည့်လိုက်၏။
YOU ARE READING
CRIMSON HAIRED「𝙓𝙄𝙉𝙂𝙃𝙊」Omegavese
Fanfiction" I saw magic in his eyes. Dirty, Dark & Beautiful magic. " Title: CRIMSON HAIRED [XINGHO] Author : Amaryllis Lian Status : 30 Chapters +7 Extra Genere: Comedy, Future Science, M-preg, ABOworld, Paranormal, Dracular, Werewolf OTP: JunXing Starting D...