နွေရာသီရောက်နေပေမယ့်လည်း ကြယ်စဉ်တန်း B_998 ရဲ့ ရာသီဥတုအနေအထားကတော့ တခြားကြယ်တွေလောက် အပူဒဏ်ကိုမခံစားရပေ။ နေအဖွဲ့အစည်းအရဆိုလျှင်လည်း အနည်းငယ်ဂျောင်ကျသော မြောက်ဝင်ရိုးစွန်း၌ ရှိနေသောကြောင့် ဖြစ်လောက်ပါ၏။
တခြားသောဂြိုလ်တွေထပ်လည်း သစ်ပင်တောတောင်ပို၍ ပေါများနေသည့် ကြယ်စဉ်တန်း B_998 သို့ ကြိုင်းကောင်နှင့် အန္တရာယ်ပေးတတ်သည့် အဖျက်ပိုးမွှားကောင်များ ကျရောက်လာသည်မှာ လွန်ခဲ့သည့်လကတည်းကပင်။
အဖျက်ပိုးမွှားကောင်များသည် သဘာဝပေါက်ပင်များနှင့် ယခင်နှစ်ပေါင်းများစွာက ကမ္ဘာမြေဟူသည့်ဂြိုဟ်ကဲ့သို့ သယံဇတများအတော်လေး ရှိနေသေးသည့် B_998 သို့သော ချောင်ကျပါသည့် ကြယ်စင်ပေါ်မှ မပြန်ချင်ကျတော့သည့်အပြင် မျိုးဆက်ပွာ!းဖို့ပါ စီမံကိန်းဆွဲလာကြတာကြောင့်...
" ချွင်! " ပေါ့ပါးလွန်းသည့် ဓားတစ်လက်၏အသံနှင့်အတူ ခရမ်းချဉ်သီးစိုက်ခင်းပေါ်တွင် စားကျက်လာခင်းနေသည့် အဖျက်ပိုးကောင်ကြီး၏ခန္ဓာကိုယ်မှာ နှစ်ပိုင်းပိုင်းခြင်းခံလိုက်ရတော့လေ၏။
" သူခိုးဂျပိုးတွေ ဒါနဲ့ပဲတန်တယ် ဟမ့် ''
ယောက်ျားတစ်ယောက်သည် မသတီစွာနှာခေါင်းရှုံ့လိုက်ပြီး ဦးခေါင်းပိုင်းမှအောက်ခြေအထိ နှစ်ခြမ်းအပိုင်းခံလျက်သားဖြစ်နေသော အဖျက်ပိုးကောင်ကို အငြိုးတေးထား ကျိန်ဆဲလိုက်လေ၏။
" မင်း ကံကောင်းတယ်မှတ်လိုက်၊ ငါ့စိုက်ခင်းပေါ်သာ ပြုတ်ကျလို့ကတော့ အလောင်းတောင် ကျန်ရမှာ မဟုတ်ဘူး "
ထိုယောကျာ်းမှာ လေပေါ်မြှောက်ကိုင်ထားသော အသွားတစ်ဖက်သာပါသော လှပသည့်ဓားကောက်နှစ်လက်ကို ပြန်ချလိုက်ပါ၏။ ထို့နောက် အဖျက်ပိုးကောင်၏ အလှမ်းအနည်းငယ်ဝေးသော ဘေးဘက်မှ ခရမ်းချဉ်သီးစိုက်ခင်းရှေ့ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး...
" ငါ့ရဲ့ ရတနာလေးတွ တော်တော်တောင် ထွားလာကြပြီပဲ~ "
ထိုလူ၏မျက်ဝန်းတို့မှာ အရောင်တဖိတ်ဖိတ်တောက်ပလျက် မျက်စိရှေ့ရှိ စိုက်ခင်းအတွင်းမှ အရည်လဲ့သယောင် အနီရောင်အသွေးတာက်ပနေသည့် ခရမ်းချဉ်သီးတစ်လုံးအား ဆွတ်ခူးလိုက်ပါ၏။ ထို့နောက် လက်ဖဝါးအပြည့်ကြီးမားလှသည့် ခရမ်းချဉ်သီးကို ပျော်ရွှင်စွာ အစွယ်ဖြင့် အားပါးတရ ကိုက်စားလိုက်တော့လေ၏။
YOU ARE READING
CRIMSON HAIRED「𝙓𝙄𝙉𝙂𝙃𝙊」Omegavese
Fanfiction" I saw magic in his eyes. Dirty, Dark & Beautiful magic. " Title: CRIMSON HAIRED [XINGHO] Author : Amaryllis Lian Status : 30 Chapters +7 Extra Genere: Comedy, Future Science, M-preg, ABOworld, Paranormal, Dracular, Werewolf OTP: JunXing Starting D...