EPISODE IV (UNICODE)

60 17 6
                                    

သားဖြစ်သူရဲ့ခေါ်သံကြောင့် မဒမ်ဂျန်မှာ ခင်ပွန်းသည်ကို စစ်ဆေးနေရာမှာ အာရုံပြောင်းသွားလေ၏။ မဒမ်ဂျန်မှာ ရယ်ဟွမ်ထံသို့အကြည့်ရောက်သည်နှင့် အကြည့်ကအစနူးညံ့ပျော့ပျောင်းသွားပါ၏။ ထို့နောက် သူမသားမှ ပြောလာမည့်စကားတို့ကို ဂရုတစိုက်နားထောင်နေဟန် ပြလာလေသဖြင့်...

" အိုမား ပါး ကိုအရမ်းမဆူပါနဲ့ အိုမားလဲသိပါတယ် ပါးက အလုပ်ကိုအမြဲတမ်း အလေးအနက်ထားတဲ့သူဆိုတာ... "

ပြောပြောဆိုဆိုဖြင့် ရယ်ဟွမ်မှာ မဒမ်ဂျန် အနှစ်သက်ဆုံးဟင်းလျာများကို တူဖြင့်ညှပ်ကာ မဒမ်ဂျန်၏ ပန်းကန်ထဲသို့ ရွေးထည့်ပေးနေ၏။ အဖေဖြစ်သူကိုကယ်တင်ပေးနိုင်ရန် အမေဖြစ်သူကို ကျိူးကြောင်းစီလျော်စွာဖြင့် သူ ဆက်လက်ရှင်းပြလိုက်သည်။

" ပြီးတော့ သေချာပြန်သုံးသပ်ကြည့်ရင် ကျွန်တော်က သေချာဂရုမစိုက်မိတာပါ။ တကယ်ဆို ပါးက သူ့တာဝန်သူ ကျေပွန်အောင် လုပ်သွားရုံပါပဲ "

သားဖြစ်သူ၏ သူမအပေါ်ပြုစုကြင်နာမှုတွင် မဒမ်ဂျန်မှာရင်ထဲ နွေးထွေးသွားရသော်လည်း သူမဟာ အလုံးစုံစိတ်မချနိုင်သေး။

" အဲ့သလိုဆိုရင်တောင်... "

ရယ်ဟွမ်မှာ ဝံပုလွေပေါက်လေးပမာချွဲကာ ရိုးသားဖြူစင်သောအပြုံးဖြင့် အမေဖြစ်သူအား ပြုံးပြ၏။ သူ၏ပင်ကိုဗီဇနှင့် ဆန့်ကျင်သော နူးညံ့အပြစ်ကင်းသော မျက်နှာထားလေးက မဒမ်ဂျန်ရဲ့နှလုံးသားကို အရည်ပျော်ကျစေပါ၏။

" အိုမား ကျွန်တော် တကယ် အဆင်ပြေခဲ့တာပါ ဒီကိစ္စကပြီးသွားပြီပဲ ကျွန်တော်နဲ့လည်း လုံးဝပတ်သက်တာမရှိလို့ စိတ်ပူဖို့မလိုတော့ပါဘူး "

မဒမ်ဂျန်မှာ ထိုအခါမှ ကြည်နူးစွာ ပြုံးရင်း သားဖြစ်သူကိုငေးကြည့်နေ၏။ ချစ်ကြည်နူးနေကြသော သားအမိတွေကိုကြည့်ရင်း ညီမဖြစ်သူ ဂျန်ရယ်ရီက စားနေရင်းမှ မနေနိုင်စွာဖြင့်ဝင်ပြောလာလေရဲ့။

" အင်းလေ... အိုမားကလဲ တာ့ကောကို ပေးနားလိုက်ပါဦး၊ တာ့ကောကဖြင့် ခုမှပြန်ရောက်တာ၊ ပြီးတော့ပါးကလဲ အမြဲအလုပ်ရှုပ်နေတာနဲ့ တွေ့ဖြစ်တယ်ကို မရှိတာနဲ့...အိုက်ရား စိတ်ရှုပ်စရာတွေမပြောကြရအောင် နော် "

CRIMSON HAIRED「𝙓𝙄𝙉𝙂𝙃𝙊」Omegavese Where stories live. Discover now