6

290 44 4
                                    

"ကိုကို လှလှလေး အမြဲလာလည်နော်"

"လာလည်မှာပေါ့ ကလေးလေးရဲ့"

"သားတို့ကို မေ့မသွားရဘူးနော်"

"မမေ့ဘူးစိတ်ချ"

ဂေဟာမှ ပြန်ခါနီး ကလေးတွေ၏မခွဲချင်ဘဲ ချွဲနေကြသည့်အသံတွေကြား ဆောန်ရုန်းမရ။ Jay ကမနေနိုင်တော့ဘဲ လက်ကိုဆွဲကာ ဆရာမကြီးများနှင့် ထိုကလေးများကို နှုတ်ဆက်ကာ ကားပေါ်ဆွဲခေါ်ရတော့သည်။ ဖြစ်နိုင်လျှင် ဂေဟာအနောက်ဘက်ရှိ ပန်းခင်းကြီးဆီခေါ်သွားချင်သော်လည်း စံအိမ်မှ တဂျီဂျီခေါ်နေလေပြီမို့ ပြန်ရတော့မည်။ အရေးကြီးသည့် ကိစ္စဖြစ်ကြောင်းပြောသည်မို့ ဆိုးလ်ကိုအမြန်မောင်းရလိမ့်မည်။

"ကဲ ဆောန် ကိုယ်တို့ပြန်ရဦးမယ်၊ ဆရာမကြီးကျွန်တော်နောက်မှ ထပ်လာခဲ့ပါ့မယ်၊ သားတို့ရောပဲနော်"

"ဖြေးဖြေးမောင်းနော် သား၊ ဂရုစိုက်ပြန်ကြ ကလေးနှစ်ယောက်လုံး"

"ဟုတ်ကဲ့"

ကားမောင်းလာသည့် တစ်လျှောက်ထိုကောင်လေးက ဆူပုပ်ပုပ်။ မနေနိုင်စွာ ပါးကိုဆွဲတော့ အော်တော့သည်။

"ဘာတွေ မကျေနပ်နေတာတုန်း"

"ဆရာမကြီးကို သေချာတောင် မနှုတ်ဆက်ရသေးဘဲ၊ အရေးကြီးကိစ္စရှိလည်း ကျွန်တော့်ကိုထားခဲ့လို့ရလျက်နဲ့"

"စိတ်မချလို့ပေါ့ကွာ"

"စိတ်မချစရာဘာရှိလို့တုန်း၊ ဒါနဲ့ ကျွန်တော့်ဖုန်းရော"

"အယ်၊ ဆောန်ယူလာတယ်မဟုတ်ဘူးလား"

"ခင်ဗျားယူလာတယ်ထင်နေတာ"

"ဟာ ဆောန်ကတော့ ကျန်ခဲ့တာလား"

"ကျွန်တော်ရှာမတွေ့ဘူး"

"ပြန်လှည့်ဖို့ကြလည်း နီးနေပြီ၊ ဒီလိုလုပ် ကိုယ် ဂေဟာကိုလှမ်းပြောထားမယ်လေနော်၊ နောက်တစ်ရက်လောက်တော့ စောင့်နိုင်လား"

"ဘယ်တတ်နိုင်မလဲ စောင့်ရမှာပေါ့"

ရွှေစိတ်တော်ညှိုးတော့မည်ဟူသော ခံစားချက်ကြောင့် ဆိုးလ်ကိုမရောက်ခင် ခဏနားသည့်အချိန် ထိုကောင်လေးမရှိတုန်း ဆိုးလ်မှ အတွင်းရေးမှူးအား ဖုန်းဆက်ကာ ဖုန်းအသစ်တစ်လုံးဝယ်ကာ အိမ်ကိုပို့ခိုင်းလိုက်ရသည်။ စိတ်ကလေးကို အမြဲပျော်နေစေချင်တာပါ ဆောန်။ သဘောကျခြင်းကို အပြောနဲ့ မလုပ်တတ်သူပီပီပေါ့။ ဂေဟာကိုလည်း ဖုန်းဆက်ကာ ကျန်ခဲ့သည့်ဖုန်းကိုအမြန်ဆုံးပို့ပေးဖို့လှမ်းပြောလိုက်ရသည်။

Echoes Of PainWhere stories live. Discover now