10

295 49 6
                                    


အခန်းထဲပြန်ရောက်လာချိန် ထမင်းစားပွဲတွင် စာရွက်တစ်ရွက်သာအဖော်အဖြစ်ကျန်ရှိပြီး Jay ၏အငွေ့အသက်တော့မရတော့။

အခြေအနေဟာ ဘယ်လိုတွေဖြစ်နေပြီလဲ။ ဆောန်ဟာ Jay အပေါ်ကို လုံးလုံးလျားလျားစိတ်မယိုင်သေးသည့်တိုင် Jay ကိုအားကိုးချင်စိတ်တော့ ပေါက်ဖွားလ်ု့ိနေပြီဖြစ်သည်။ အားကိုးချင်စိတ်ဆိုတာလည်း ငွေကြေးပိုင်းဆိုင်ရာအတွက်အားကိုးခြင်းမဟုတ်ဘဲ၊ ခံစားချက်ပိုင်းကုစားမှုအတွင်သာ အားကိုးလိုခြင်းဖြစ်ပါ၏။

-----

"ဘာပြောတယ်"

"ငါတို့ မင်္ဂလာပွဲက်ိုဖျက်လိုက်ရအောင်"

"ရှင်ရူးနေပြီလား Park Sunghoon"

"မရူးဘူး မရူးလို့ မင်္ဂလာပွဲကိုဖျက်မယ်ပြောတာ၊ ငါဝန်ခံတာပါ ငါမင်းနဲ့တစ်သက်လုံးမနေသွားနိုင်ဘူး"

"ရှင်တတ်လည်းတတ်နိုင်တယ် Sunghoon၊ ကျွန်မကိုအသေရရ အရှင်ရရ ရှင့်ရဲ့စံချိန်မှီတဲ့ မိန်းမ မလို့ပါဆိုတုန်းကလည်းရှင်ပဲ။ လက်ထပ်ခွင့်တောင်းတာလည်းရှင်ပဲ။ ဘာလို့ အခုမှထဖောက်တာလဲ။ ဟိုကောင့်ကြောင့်ပဲမလား"

"မင်းသူ့ကိုဟိုကောင်လို့ သုံးစရာဘာစောက်ကြောင်းမှ ရှိမနေဘူးနော်"

"အိုးဟိုး ဖြစ်နေလိုက်တာ... နင်တို့မိသားစုရိုက်နှက်ပြီး ပစ်ထားတုန်းက နင့်ရဲ့အငယ်အနှောင်းမှန်းသိရက်နဲ့တောင် ငါ့လူတွေကို ဆေးရုံခေါ်သွားခိုင်းခဲ့တာ။ နင်လုပ်ချင်တိုင်းလုပ်ပြီး သူ့ဘဝရော ငါ့ခံစားချက်တွေကိုပါချနင်းနေတာ"

"ငါဘယ်တုန်းကမှ နင့်ကိုလက်ထပ်ယူပါလို့မတောင်းဆိုခဲ့ဖူးဘူး။ အခုလက်ခံလိုက်တဲ့အချိန်ရောက်မှ နင်ကဖျက်မယ်ဆိုတော့ နင်စထားတဲ့ဇာတ်လမ်းပဲလေ။ နိုင်အောင်ကရမှာ နင့်တာဝန်ပဲ Park Sunghoon"

"ငါစတဲ့ဇာတ်လမ်းမို့ ငါအဆုံးသတ်မယ်လို့ ပြောနေတယ်မဟုတ်ဘူးလား"

"အပြောမလွယ်နဲ့လေ။ နင်အဲ့လောက်မတုံးဘူး Park Sunghoon... နင်စတဲ့ဇာတ်လမ်းပေမယ့် အသိုင်းအဝ်ိုင်းတွေ၊ နာမည်တွေ၊ ဂုဏ်သိက္ခာတွေအကုန်မြှုပ်နှံပြီးနေပြီ။ ငါစခဲ့တာပဲ ငါဖျက်လို့ရတယ်ဆိုတဲ့ အတွေးတွေးရအောင် ငါတို့ကစားနေတာမဟုတ်ဘူးလေ "

Echoes Of PainWhere stories live. Discover now