14

386 43 2
                                    



မနက်မိုးလင်းတော့ ထင်သည့်အတ်ိုင်း ဆောန်တစ်ယောက်အရက်နာကျကာ ဖျားတော့သည်။ ခေါင်းကိုက်သည့် ဒဏ်ကိုမခံနိုင်တာကြောင့် မျက်နှာလေးပင် နီစပ်စပ်။

"ဆောန်...ကိုယ်ဆန်ပြုတ်ပြုတ်လာတယ်။ သောက်လိုက်ဦး"

"ဟုတ်"

မနေ့ညကပြောခဲ့ဆိုခဲ့တာတွေ တစ်ခုလေးတောင်မှ မမှတ်မိသော်ငြား Jay မျက်နှာမကောင်းတော့ ဆောန်မနေတတ်တော့။

"Jay ssi"

"အင်း ပြောလေ ဆောန်"

"ကျွန်တော်ညက တစ်ခုခုများပြောမိသေးလား"

"မပြောမ်ိပါဘူး "

"Jay မျက်နှာမကောင်းလို့ပါ အခြားမဟုတ်ဘူး"

"ကိုယ်ဘာမှမဖြစ်ပါဘူး။ ဆောန်နေကောင်းသွားရင် ရေတံခွန်ကိုသွားကြမယ်လေ။ တစ်နေကုန်အဲ့မှာ အချိန်သွားဖြုန်းရအောင်"

"ဒါနဲ့ ..."

ပြောရမှာအားတုံ့အားနာဖြစ်နေသူက မျက်နှာငယ်လေးနှင့်ကြည့်နေသည်ကြောင့် Jay မေးဆတ်ပြလိုက်သည်။

"အစ်ကိုရော..."

"ဪ SungHoon က တောင်ပေါ်က ဘုန်းကြီးကျောင်းကိုခဏသွားတယ်။ သူဂေဟာလာတိုင်း အဲ့ကိုသွားတာများတယ်။ သွားချင်ရင်ပြောလေ ကိုယ်လိုက်ပို့မယ်။"

Jay စိတ်ထဲမကောင်းနေတာတော့အမှန်ပင်။ ဒီကောင်လေးစိတ်က Sunghoon ဆီမှာပဲရှိနေသေးတာ သူသိနေတာမို့ ကြိုးစားဖို့ကိုမရဲ။ မဖြစ်နိုင်ဘူးဆိုပေမယ့် Sunghoon ဘက်ကသာ အရာရာပစ်ချပြီး ကောင်လေးကို ပြန်လိုက်ရင် ... ဟူးးး ဆက်တောင်မတွေးချင်။

"ကိုယ်ပြောစရာစကားလည်းရှိတယ် ဆောန်"

"ဟုတ်"

အပြင်ရောက်တော့ Jay ဦးတည်မိတာ Sunghoon ရှိရာဆီ။ တောင်ကုန်းပေါ်တက်သွားလိုက်ပြီး ဘုရားကျောင်းဆီရောက်တော့ရအဝေးကိုခပ်တွေတွေကြည့်နေသည့် Sunghoon ကိုတွေ့လေသည်။

"Bro!"

လှမ်းခေါ်လိုက်တော့ ပြန်ကြည့်ကာ လက်လှမ်းပြလေသည်။ ဘေးနားသွားထိုင်လိုက်ရင်း တွေဝေနေသူကိုစကားစလိုက်သည်။

Echoes Of PainWhere stories live. Discover now