9

343 47 3
                                    

"ကိုယ်ဝင်လာလို့ ရတယ်မဟုတ်လား ဆောန်"

တံခါးပေါက်တွင် ရပ်နေသူဟာ နွမ်းနယ်နေပုံပေါ်ပေမယ့် တချိန်တည်းမှာပဲ မျှော်လင့်ချက်ကြောင့် မျက်လုံးတို့ကတောက်ပလို့နေလေသည်။

"ရတာပေါ့ ဒါနဲ့ ညဘက်ကြီးဘယ်ကပြန်လာ-"

ဖက်လိုက်သည့် အရှိန်ကခပ်ပြင်းပြင်းမို့ ဆောန်တစ်ယောက်နောက်ကိုပင် ယိုင်လုနီးနီး။ Jay ၏ဒီလိုနွမ်းနယ်နေသည့် side ကိုမမြင်ဖူးတာကြောင့် သူ့မှာအထူးအဆန်းဖြစ်ကာ ခြေမကိုင်မိ၊ လက်မကိုင်မိ။

"ဘာဖြစ်လာလို့လဲ Jay ssi "

"ပိန်သွားတယ် ဆောန်၊ဘာလို့ ဒီလောက်ထိပိန်ကျသွားရတာလဲ"

"အရင်ကလည်းပိန်ပါတယ်"

"ဒါပေမယ့် ပါးဖောင်းဖောင်းလေးတွေ မရှိတော့ဘူးလေ။ ကြည့်ရတာကောင်လေးအစားကောင်းကောင်းမစားဘူးထင်တယ်နော်"

စသည့် နောက်သည့် အသံနှင့်ပြောတော့ ဆောန်က ခပ်ဟဟလေးရယ်လိုက်သည်။

"တော်တော့ အလကားလိုက်စမနေနဲ့"

"ဒါဆို ပိုက်ဆံပေးပြီးစလို့ရတယ်ပေါ့"

မညာတမ်းပြောရရင် Jay ဒီလိုတွေ ပြောတာကိုသူကိုယ်တိုင်က မသိမသာရော၊ သိသိသာသာပါသဘောကျနေတာပဲ။

"တော်တော့ဆို ဒီအကြောင်းတွေမပြောကြရအောင်"

"ဒါဆို ဆောန်ကဘာအကြောင်းပြောချင်သလဲ"

"ဘာမှမပြောချင်ဘူး"

ဖက်ထားတာကိုလွှတ်ပေးလိုက်သည်နှင့် အခန်းထဲပြေးဝင်သွားသည့်ဆောန်ဟာ ပွေ့ဖက်ပြီး လေထဲမှာ မွှေ့ယမ်းပစ်ချင်စရာ။ Jay ရယ်မိတော့သည်။ ချစ်စရာကောင်းအောင်တမင်လုပ်နေတာမဟုတ်ဘူးလား။

"ဆောန်"

"အင်း"

"ကိုယ်အခန်းထဲဝင်လာလို့ရမလား"

"ရတယ်"

တံခါးကိုသာသာဖွင့်ပြီး ဆောန်လှဲနေသည့်ဘေး ဝင်လှဲလိုက်သည်။

"အခန်းထဲပဲပေးဝင်တာ ကုတင်ပေါ်ပေးမတက်ဘူး"

"အဲ့လိုလား.. ဒီလောက်ကိုယ်လက်တွေကိုက်ခဲလာတဲ့ လူကို ဒါလေးတောင်စေတနာမရှိဘူးပေါ့ ရပါတယ် ဆင်းသွားပါ့မယ်"

Echoes Of PainWhere stories live. Discover now