16

246 41 10
                                    

"ဆောန်"

ရိုက်ခံထားရသည့်လက်ဖဝါးရာကအထင်းသားနှင့် တိုက်ခန်းလှေကားထစ်တွင်ထိုင်နေသူက စကားမပြောဘဲ တစ်နေရာကိုပဲတွေပြီးကြည့်နေလေသည်။

"Jay ssi"

နုနယ်သည့် မျက်နှာလေးက ငိုချင်ရဲ့လက်တို့ဖြစ်သွားသလားတော့မသိ။ မိုးပြိုသလိုငိုချလာတော့ ရင်ခွင်ထဲလျင်လျင်မြန်မြန်ထည့်သိမ်းမိတော့သည်။

သူအသိနောက်ကျသွားခဲ့တယ်။ ဒေါ်လေးနဲ့ မရီးကပေါင်းပြီး သတင်းရေးခိုင်းလိမ့်မယ်လည်းမတွေးခဲ့ဘူး။ မနက်နိုးနိုးချင်း ထမင်းဝိုင်းမှာ သတင်းစာချပေးမှ ဖတ်မိပြီး ဆောန်ကိုစိတ်ပူလို့ထွက်လာခဲ့တာ။

"ဆောန် မငိုပါနဲ့ကွာ။ ကိုယ်အကုန်ဖြေရှင်းပေးမှာမ်ို့ မငိုလိုက်ပါနဲ့ကွာ"

"ကျွန်တော် ချစ်မိခဲ့ရုံပါ Jay ရာ .. ကျွန်တော့်ဘဝတစ်ခုလုံးကျရှုံးသွားဖို့လိုအပ်လို့လား"

"ဆောန် အခန်းထဲဝင်နေ။ ဘယ်သူလာတွေ့တွေ့ ဒန်နီကလွဲဘယ်သူ့က်ိုမှပေးမဝင်နဲ့။ ကိုယ်တစ်နေရာသွားပြီးပြန်လာခဲ့မယ်။"

"အင်း"

ဆောန်ကိုသူ့တိုက်ခန်းကိုပြန်ပို့ပေးပြီးတာနဲ့ ကားကိုအရှိန်ခပ်ပြင်းပြင်းမောင်းကာ စံအိမ်ကိုပြန်လာခဲ့လေသည်။

စံအိမ်ဂိတ်ဝကရင်း ဒေါ်လေးစိုက်ထားသည့် ပန်းအိုးတွေအကုန်လုံးကိုတိုက်ချသွားအပြီး Bentley အမည်းကြီးဟာ စုတ်ပြတ်သတ်စွာပဲ။

ဧည့်ခန်းထဲမှာ အဘိုးနှင့်အတူ Sunghoon တို့ဇနီးမောင်နှံလောင်းထိုင်နေကာ ကိစ္စတစ်ခုအောင်မြင်လာ၍အဘ်ိုးမှ ချီးကျူးနေဟန်။ အဘိုးဖြစ်သူပြောသမျှကို ခေါင်းတညိမ့်ညိမ့်နှင့်ပြုံးနေသူကို ပထမဆုံးအကြိမ်စက်ဆုပ်မိသည်။ ကိုယ်နှင့်ညီအကိုဝမ်းကွဲဖြစ်သည့်တိုင် ထိုပျော်ရွှင်မှုကို ရွံရှာမိသည်။

"PARK SUNGHOON!!! မင်းလုပ်ထားတဲ့ကိစ္စက်ိုရှင်း"

လှေကားပေါ်မှ ဆင်းလာသူ ဦးလေးဖြစ်သူက အသံကြားသည်နှင့် အလန့်တကြားဆင်းလာသည်။ ဒီအိမ်မှာ Jay က စုန်းပြူးပဲ။ သူပဲအကြောက်အလန့်မရှိပြဿနာရှာပြီး သားဆိုးဆိုတဲ့ ဂုဏ်ကိုယူရဲတာ။ သူမကြိုက်ရင် မကြိုက်တာကိုပွင့်ပွင့်လင်းလင်းပြောရဲတာလည်းသူပဲရှိတာ။

Echoes Of PainWhere stories live. Discover now