ဂေဟာမသွားခင် မနက်ပိုင်းကို Jay ကသူ့အမေနှင့် ဝင်တွေ့စရာရှိသည်ဟုဆိုသည်ကြောင့် ဆောန်တစ်ယောက်လိုက်လာရသည်။သူဌေးမိသားစုဝင်တွေနှင့်မပက်သက်ချင်တာ မှန်သောစကားပါ။ အကို့အမေလို မိန်းမမျိုးသာဆို သူ့ကို Jay နားကပ်နေလို့ဟု ပုဒ်မတပ်ကာ နှိပ်စက်လိမ့်ဦးမည်။
သို့ပေမယ့် အထင်နဲ့အမြင်ဟာတက်တက်စင်အောင်ကိုလွဲတော့တာပါပဲ။ နာမည်ကြီး ဒီဇိုင်နာဘရန်းတွေရောင်းသည့် ဆိုင်တစ်ဆိုင်ထဲကိုခေါ်သွားပြီးသည့်နောက် ကောင်တာနောက်မှသူဌေးမှန်းသိသာသည့် အမျိုးသမီးတစ်ဦးထွက်လာသည်။
ထိုအမျိုးသမီးက Jay ကိုကလေးတစ်ယောက်လို ပွတ်သပ်ပြီး ချော့မော့နေပြီနောက် Jay ၏ ခေါ်ဆောင်မှုကြောင့် ဆောန်ရှေ့သို့ရောက်လာသည်။ ထိုအမျိုးသမီး၏အသံဟာ နူးနူးညံ့ညံ့ရှိလှပြီး ဆောန်ကိုကြည့်သည့်အကြည့်မှာ နှိမ်သည့်အကြည့်၊ အထင်သေးသည့်အကြည့်ရယ် မပါဝင်။
"ဒီကလေးလေးလား"
"အင်း"
"အိုက်ဂူးးး ဘယ်လိုတောင်ချစ်ဖို့ကောင်းလိုက်လဲ ပါးလေးတွေကဖောင်းလ်ို့ .. ကြိုက်တာယူလေ အန်တီလက်ဆောင်ပေးမယ် ကလေးလေး အန်တီက Jong seong မေမေပါ"
"သားက Kim Sunoo ပါ .. တွေ့ရတာဝမ်းသာပါတယ် အန်တီ"
"အေး အန်တီလည်းဝမ်းသာတယ်ကွယ် .. သား Jong Seong ဒီလိုလုပ်ပါလား မေမေနဲ့နေ့လည်စာစားပြီးမှသွားကြပါလား ကလေးတို့ မေမေလည်း ဂေဟာကို ပစ္စည်းတွေထည့်ပေးလိုက်ချင်လို့"
"သားကအဆင်ပြေတယ် ဆောန်ရော"
"ပြဿနာမရှိပါဘူး ကျွန်တော်အဆင်ပြေပါတယ်"
"ဒါဆို ကားပေါ်ကသွားစောင့်ကြ မေမေဆိုင်မှာလိုအပ်တာလေးလုပ်ပြီး ဆင်းခဲ့မယ်"
"ဟုတ်ပြီ မေမေ မြန်မြန်လာနော်"
ဓာတ်လှေကားပေါ်ရောက်တော့ ဆောန်ကို မကြည့်ဘဲ Jay ကလေသံတိုးတိုးနှင့်ဆိုသည်။
"ကိုယ့်မေမေက ကိုယ်စိတ်ဒဏ်ရာရမှာကြောက်နေတာလေ .. မေမေကစိတ်ထားသိပ်နူးညံ့တယ်။ ဒါကြောင့် ဆောန်ကို နှိမ်မှာတွေ၊ အထင်သေးသွားမယ်လို့တွေးစရာမလိုဘူး။"
YOU ARE READING
Echoes Of Pain
FanfictionI knew from the start that loving you would only bring me pain, but I couldn't help myself, and now I'm left with nothing but the bittersweet memories of a love that was never meant to be.