13

367 48 7
                                    

"Sunghoon ssi အတွက် ဆရာမကြီးတို့ အခန်းသက်သက်ပြင်ထားတယ်"

"Sunoo ဘယ်မှာအိပ်လဲ"

"ငါနဲ့အိပ်တာ မင်းနဲ့ ဆောန်နဲ့သိတာလား"

"အင်း တက္ကသိုလ်တုန်းက Junior"

Jay သည် ဆောန်မဖြေခင်ဝင်ဖြေလိုက်သည်။ တစ်ဆက်တည်း Sunghoon နှင့်ဆောန်၏ပက်သက်မှုကိုမသိချင်လည်းဆောင်လိုက်သည်။ ပျက်ယွင်းသွားသော မျက်နှာနှင့် ဖြေလာသည့်အဖြေကြောင့် စိတ်ထဲချဉ်သွားသည်။ မိန်းမတစ်ယောက်နှင့်မကြာခင် လက်ထပ်မည့်သူက ဆောန်ကိုလက်မလွှတ်နိုင်ဖြစ်နေတာအံ့သြမဆုံး။ ဆောန်ရဲ့ သိက္ခာကိုအလေးမထားခြင်းပင်။

"မင်းနားရင် နားလိုက်ဦးလေ Sunghoon။ ငါဆောန်နဲ့ နေ့လည်စာစားလိုက်ဦးမယ်။ ကောင်ပေါက်လေး ဘာမှမစားရသေးဘူး"

"အေး"

"ဒါနဲ့ မရီးက်ိုခေါ်မလာဘူးလား"

"အေး မအားလို့တဲ့"

"ဪ ဟုတ်ပြီဟုတ်ပြီ။ အဲ့ဆိုနားဦးလေနော့"

"ဒါနဲ့ ..."

"အေး"

"မင်းနဲ့ Sunoo ဘယ်လိုသိတာလဲ"

"ဪ ဒီလိုပါပဲ ... မင်းကိုငါပြောတယ်လေ ကောက်တေးလေးတစ်ယောက်ကို မျက်စိကျနေတာလို့... ငါဖွင့်ပြောဖို့တော့ စီစဉ်ထားတာပဲ"

"အခုထိဖွင့်မပြောရသေးဘူးလား"

"အေး သူနဲ့ငါပိုပြီးရင်းနှီးချင်သေးလို့လည်းပါတယ်။ နားလိုက်ဦး နားလိုက်ဦး။ "

-----

ဆောန်သည် မနက်ကပြုံးပျော်နေသလောက် နေ့လည်စာစားတော့ မှိုင်လို့နေလေသည်။ ခပ်မှိုင်မှိုင်ဖြစ်နေတော့ Jay ကမနေနိုင်တော့။

"ဆောန် စားလို့မကောင်းလို့လား... ဘာစားမလဲ။ ကိုယ်တစ်ခုခုလုပ်ပေးရမလား"

"မဟုတ်ပါဘူး။ စားလို့ကောင်းပါတယ် Jay ရဲ့။ ဒီတိုင်းဗိုက်သိပ်မဆာလို့။"

"သူရောက်လာလို့လား"

"မဟုတ်ပါဘူး အဲ့လိုလည်း"

"ဘာမှစိတ်မညစ်နေနဲ့နော်၊ ကိုယ်ရှိတယ်"

တစ်ခါတရံတွေကြ စကားတွေအများကြီးပြောပြီးနှစ်သိမ့်နေတာထက် အနားမှာရှိနေပေးတာလည်း ဆေးတစ်ခုပဲ။ အစ်ကိုက မကျက်သေးတဲ့ဒဏ်ရာဆို ထိုဒဏ်ရာကို ကူညီကုစားပေးနေတာ Jay ပါပဲ။

Echoes Of PainWhere stories live. Discover now