Intro

5.8K 103 8
                                    

''အချစ်က မှော်ဆန်တယ်၊ပြုစားချက်ပြင်းတယ်လို့လူတွေပြောကြပေမယ့် ကိုယ်ဘယ်တုန်းကမှအယုံအကြည်မရှိခဲ့ဖူးဘူး ကလေးငယ်...

အလှမ်းဝေးအေးစက်နေတဲ့ အဲ့ဒီ့ခံစားချက်တွေကို မင်းကြောင့်သာ တစ်ချက်ပြန်ငဲ့ကြည့်ဖြစ်ခဲ့တယ်...

အင်း! အဲ့ဒီ့နောက် အချစ်မှာကျရှုံးသွားခဲ့တာများ ကိုယ့်ကိုကိုယ်တောင်မယုံနိုင်လောက်တဲ့အထိပဲ´´

>>> ထိုင်းနိုင်ငံရဲ့စီးပွားရေးနယ်ပယ်ထဲ ထိပ်တန်းအဆင့်ဖြင့်အောင်မြင်၍ အလုပ်တစ်ခုကိုသာဦးစားပေးရင်း အချစ်ဆိုသောအရာနှင့် ခပ်ကင်းကင်းနေထိုင်ခဲ့တဲ့ 'သူ´။

တစ်နေ့သ၌ ချစ်ခြင်းမဲ့သော ထိုနှလုံးသားထံသို့ ရေမြေခြားကဖူးစာရှင်ချာတိတ်လေး ဝင်ရောက်လာခဲ့ရာဝယ်...

မိမိအားအသက်အန္တရာယ်ပေးမည်ဟုထင်မှတ်ခဲ့သောလွဲမှားမှုကြောင့် သူမလေးရဲ့ဘဝအမှန်ကိုမသိပါဘဲ အနားမှာခေါ်ဆောင်ဖမ်းဆီးထားမိရင်း ထိုကလေးလေးအပေါ် အမှန်တကယ်မြတ်နိုးသက်ဝင်မိလေတော့...

''မင်းကကိုယ့်အသက်ကိုအန္တရာယ်ပေးမယ့်ကလေးလို့ ကိုယ်အစကထင်ခဲ့ဖူးတယ်။ဒါပေမဲ့ တကယ်တမ်း မင်းအန္တရာယ်ပေးပြီး အပိုင်ယူသွားခဲ့တာ ကိုယ့်ရင်ထဲကနှလုံးသားကိုပဲ´´
                                  
                                             (🍭ခိုက်ရန်ရှင်း🍭)

~~~~~~~~~~~~~~~~~~~~~~~~~~

''အချစ်ဆိုတဲ့အရာလေးက ကြည်နူးဖို့ကောင်းမှန်းသိပါတယ်၊ကိုယ့်ကိုတော့ဘယ်သူမှမချစ်ကြတာခက်တယ်...

ဒါပေမဲ့ နယ်ကျွံသွားတဲ့ရပ်ဝန်းတစ်ခုဆီမှာ ထူးခြားတဲ့တစ်စုံတစ်ယောက်ကိုရှာတွေ့ခဲ့တယ်...

တော်ရုံမဟုတ်တဲ့တိုက်ဆိုင်မှုတစ်ခုရဲ့နောက်... ကိုယ်ဟာသူ့ပိုင်နက်ထဲပိတ်မိသွားလိုက်တာများ ဘယ်လိုမှပြေးမလွတ်နိုင်အောင်ပဲ´´

>>>ငယ်စဥ်ကတည်းက မိသားစုရဲ့အလိုလိုက်ခြင်းခံရသူဖြစ်သော်လည်း ဘယ်သူကမှ သူ့ကိုမချစ်ဘူးဟုသာ အမြဲပြောရင်း ဆိုးသွမ်းတတ်သော ဂျစ်တူးလေး...'သူမ´။

အသက်၄နှစ်အရွယ်တည်းက စိတ်ကောက်တိုင်းအိမ်ပေါ်ကဆင်းရန်ကြံစည်တတ်သော သူမလေး...အသက်၁၈နှစ်အရွယ်မှာတော့ ထိုအကြံအစည်ကိုတကယ်ပဲဖြစ်မြောက်စေခဲ့တဲ့အခါ...

မိသားစုရဲ့စီစဥ်မှုတစ်ခုအားငြင်းဆိုချင်၍ ရေမြေခြားအထိထွက်ပြေးခဲ့သော အိမ်ပြေးလေးတစ်ယောက် ရုန်းထွက်မလွယ်သောရင်ခွင်တစ်ခုထံ ပိတ်မိခဲ့စဥ်မှာတော့...

''ချစ်ရိပ်က လူနော် ဦး
ဒီလိုမျိုးလှောင်အိမ်ထဲ ကြိုးတုပ်ပိတ်လှောင်ခံထားရအောင် ချစ်ရိပ်ကဦးပိုင်တဲ့ အရုပ်ကလေးမှမဟုတ်တာ´´

                                        (🍭ချစ်ရိပ်ဖန်ဆင်း🍭)

~~~~~~~~~~~~~~~~~~~~~~~~~~~

ချစ်ခြင်းတစ်ခုကြောင့် လူတစ်ဦးတစ်ယောက်ရဲ့ခံစားချက်၊ခံယူချက်တွေ တကယ်ပဲပြောင်းလဲနိုင်ပါသလား?

တည်ငြိမ်အေးစက်နေသော နှလုံးသားထံသို့ ဂျစ်ကန်ကန်နှောင်ကြိုးလေးတစ်မျှင် တွယ်နှောင်ရစ်ငင်ခဲ့သော်...

အချစ်ဟာမလိုအပ်ပါဘူးလို့ထင်မှတ်ခဲ့သောနှလုံးသားမှသည်...အချစ်သာလျှင်အလိုအပ်ဆုံးဟုပြောင်းလဲသတ်မှတ်စေခဲ့မိသော အဖြေက...

                             (🍭ချစ်တတ်ခြင်းက မင်းနဲ့မှ...🍭)

''ချစ်ရိပ်က အရမ်းဆိုးတဲ့ကလေးနော် ဦး
ဒယ်ဒီပြောတာတော့ မာမီနွဲ့ဆိုးထက်တောင်ပိုဆိုးတယ်တဲ့´´

''အဟင်း! ရတယ်
ကိုယ်က လိမ္မာတဲ့ကလေးတွေကိုမချစ်ဘူး´´

~~~~~~~~~~~~~~~~~~~~~~~

A/N
သာသာပြောဖူးတယ်နော်။ဒါကိုကို့ချစ်သည်းရှင်ရဲ့အဆက်လေးပါ။နွဲ့ဆိုးနဲ့ကိုကိုလင်းညရဲ့သမီးလေးပါရှင့်💜

🍓'ချစ်တတ်ခြင်းက မင်းနဲ့မှ'🍓Where stories live. Discover now