''ငါအပြင်ခဏသွားလိုက်ဦးမယ်''
''Grunt မင်းဘာဖြစ်နေတာလဲ
ပြန်လာကတည်းက ဂနာမငြိမ်နဲ့''မိုးလင်းသည်နှင့် အပြင်ထွက်ရန်ကြိုးစားနေသောသူ့အား သူငယ်ချင်းဖြစ်သူကနားမလည်စွာကြည့်ရင်းမေးလေ၏။သူလည်းရှည်ရှည်ဝေးဝေးရှင်းပြမနေနိုင်။တတ်နိုင်သမျှမြန်မြန်သာ ဟိုကလေးမလေးကိုရှာရမည်မဟုတ်လား။အခုဆို သူမဘယ်လိုနေပြီလဲမသိ။ဟူး! ဖြစ်ရလေကွာ၊တစ်ကိုယ်တည်းရပ်တည်ခဲ့တဲ့ဘဝမှာ ဘယ်နှောင်ကြိုးကိုမှမတွယ်တာခဲ့ဖူးသမျှ အခုမှတစ်ကြိမ်သာဆုံခဲ့သည့်အဲ့ဒီ့ကလေးလေးကို သူတွယ်ငြိမိလေသလား။အခုသူသွားဖို့ခြေလှမ်းပြင်နေတာက အစောင့်အကြပ်အထပ်ထပ်ရံတဲ့ Winnerစံအိမ်တော်ကိုလေ!
''မင်းဘယ်သွားမှာလဲ၊သူထိသွားတယ်မဟုတ်လား
ငါတို့အလုပ်ကပြီးပြီလေ''''ငါ Winnerရဲ့ပိုင်နက်ကိုခဏသွားမလို့''
''ဘယ်လို!''
''အဲ့ဒီ့ကလေးကိုသွားရှာမယ်''
''မင်းရူးနေလား၊
ကိုယ်ပေါ်မှာဖြင့်ဒဏ်ရာတွေနဲ့...
Winnerစံအိမ်မှာသက်တော်စောင့်ဘယ်နှယောက်ရှိလဲမင်းသိလား?သူတို့ကပတ်သက်လို့ကောင်းတဲ့လူတွေမဟုတ်ဘူး၊ပြီးတော့ ငါတို့ညကပဲသူနဲ့ဖိုက်ခဲ့တာလေ...ဒီလိုပုံစံနဲ့သာမင်းဝင်သွားရင်အရိုးနဲ့အသားတွဲလျက်ရှိဖို့တောင်မသေချာဘူးနော်''''ဘာပဲဖြစ်ဖြစ် အဲ့ဒီ့ကလေးငါ့ကြောင့်ဒုက္ခရောက်တာကို ဘယ်လိုမှမျက်နှာမလွှဲရက်ဘူး...၊သူပြောတယ်၊ငါ့ကိုကူညီချင်တာတဲ့...ဒါပေမဲ့ငါက...''
''သူကမင်းကိုလူကောင်းထင်လို့နေမှာပေါ့ကွ
Winnerဘက်ကိုပါသွားရင်တော့မလွယ်ဘူး၊ပါးပါးနပ်နပ်နဲ့ပြန်ထွက်ပြေးနိုင်ဖို့လိုတယ်၊ဒါပေမဲ့ အကျိုးအကြောင်းပြောပြရင်ရမှာပါ။သူနဲ့ကဘာမှမဆိုင်ဘူးပဲမဟုတ်လား''''သူ ဒီနိုင်ငံရဲ့စကားကိုမပြောတတ်ဘူး
မြန်မာပြည်ကလာခဲ့တာ''''ဟမ်!''
''ပြီးတော့ ပစ္စည်းတွေအလုခံထားရတယ်လို့လည်းငါ့ကိုပြောတယ်၊သူ့ရဲ့ကိုယ်ရေးအချက်အလက်ကိုဘာမှပြနိုင်မှာမဟုတ်ဘူး''
YOU ARE READING
🍓'ချစ်တတ်ခြင်းက မင်းနဲ့မှ'🍓
Romance'ချစ်ရိပ်ကအရမ်းဆိုးပါတယ်လို့ ခဏခဏပြောတယ်နော် ဒါတောင်မှအဲ့ဒီခြေလှမ်းတွေက ဘာကြောင့်ချစ်ရိပ်ဆီပဲလှမ်းချင်ရတာလဲ?ဦးက သိပ်ပြီးစိတ်ရှုပ်ခံနိုင်တာပဲ' (ချစ်ရိပ်ဖန်ဆင်း/nic_ဂျစ်တူး) 'ကိုယ်က လိမ္မာတဲ့ကလေး...