ခပ်ဖြေးဖြေးနဲ့တရွေ့ရွေ့သွားနေသောခြေလှမ်းလေးရဲ့ဟိုးတစ်ဖက်မှာ စောစောကလူရှိနေဦးမလားတော့မသေချာပါ။နေရာကအနည်းငယ်မှောင်နေတော့ ကြောက်စိတ်လေးလည်းဝင်လာသား။သို့နှင့် ချစ်ရိပ်ဆက်မသွားတော့ဘဲ ရပ်လိုက်ကာ...
''မသွားတော့ဘူးဟာ
သူနဲ့ငါကသိတာလည်းမဟုတ်၊တော်ကြာသူကလူဆိုးဆိုဘယ့်နှယ်လုပ်မလဲ?ငါလေးပဲ ဒုက္ခရောက်ဦးမယ်´´ဒီလိုတွေးမိတော့ ခြေလှမ်းကိုနောက်ကြောင်းပြန်လှည့်လိုက်ပါ၏။သို့သော်လည်း မပြတ်သားသောစိတ်က ဝန်လေးသလိုနှင့်တစ်မျိုးကြီး။သိတဲ့အတိုင်းတစ်ယောက်ယောက်ဒုက္ခတွေ့နေရင် မြင်တဲ့လူကကူညီဖို့မှမရှိတာ။ညနေကပဲ ချစ်ရိပ်ရဲ့ကိုယ်တွေ့လေ။ဒီလူက ဒဏ်ရာတွေအများကြီးရနေတဲ့ဟာ၊တွေ့လျက်သားနဲ့မကယ်ရင်ရော...ရိုင်းရာကျမနေဘူးလား။ဒီလိုနဲ့သူလမ်းပေါ်မှာသေသွားခဲ့ရင် ချစ်ရိပ်ကို သရဲကြီးလာခြောက်ရင်ဒုက္ခ။
ဟင်း! ဘာတွေတုန်းဟာ...
ထိုနေရာ၌ခြေစုံလေးရပ်ပြီး အတွေးတွေကျပ်နေရင်းပဲမိုးလင်းတော့မည့်အလား။လမ်းကတစ်ဖက်ပိတ်ကြီးမို့ ဒီလူက ဒီအနီးအနားတင်ပျောက်နေတာပါ။သို့ကြောင့်ပဲ ချစ်ရိပ်မျက်လုံးလေးက ဟိုသည်စူးစမ်းလျက်လိုက်ကြည့်နေစဥ်...
''ဟင်!´´
အခုမှအောက်ငုံ့ကြည့်မိတော့ သူသွားရာလမ်းတစ်လျှောက်သွေးစတွေတစ်စက်စက်ကျနေခဲ့သည်ပဲ။သို့နှင့် ချစ်ရိပ်ထိုသွေးစက်တွေကိုခြေရာခံကာ တရွေ့ရွေ့ဆက်လျှောက်လာခဲ့၏။စူးစမ်းတတ်သူပီပီ သူဘာဖြစ်လာခဲ့မှန်းလည်းသိချင်ရပြန်ပြီ။
''အ!
ကျစ်! ကျစ်!´´''သြော့! ဒီမှာကိုး´´
သွေးစတွေအတိုင်းလိုက်လာခဲ့ပြီးနောက်ဆုံးမှာတော့ ချစ်ရိပ်ထိုသူ့ကိုရှာတွေ့သွားခဲ့၏။သူက လမ်းထောင့်အကွယ်၌ ခွေခွေလေးထိုင်နေကာ မျက်နှာကလည်းအတော်အခြေအနေဆိုးနေပေမယ့် သတိကတော့ရှိလွန်းသည်။အခုလည်းလူရိပ်တစ်ခုသူ့အနားရောက်သည်နှင့် တိုက်ခိုက်တော့မည့်အနေအထားဖြင့်ဆတ်ခနဲထလေသည်မို့...
YOU ARE READING
🍓'ချစ်တတ်ခြင်းက မင်းနဲ့မှ'🍓
Romance'ချစ်ရိပ်ကအရမ်းဆိုးပါတယ်လို့ ခဏခဏပြောတယ်နော် ဒါတောင်မှအဲ့ဒီခြေလှမ်းတွေက ဘာကြောင့်ချစ်ရိပ်ဆီပဲလှမ်းချင်ရတာလဲ?ဦးက သိပ်ပြီးစိတ်ရှုပ်ခံနိုင်တာပဲ' (ချစ်ရိပ်ဖန်ဆင်း/nic_ဂျစ်တူး) 'ကိုယ်က လိမ္မာတဲ့ကလေး...