''Cheer!''
''ယေး!!
Happy Birthday!!''Music clubထဲပျံ့လွင့်နေသည့် သီချင်းသံခပ်ဆူဆူနှင့်အတူ လူငယ်တစ်စုရဲ့အော်ဟစ်ပျော်ရွှင်သံတို့ကလည်း ဆူဆူညံညံ။ကောင်လေးတွေသာမက ကောင်မလေးတွေလည်းပါဝင်သောထိုအုပ်စုဟာ clubထဲ၌ အကဲဆုံး။ယခုလည်း သူတို့ထဲမှအဖွဲ့ဝင်တစ်ယောက်ရဲ့မွေးနေ့အား ခွက်တွေမြှောက်ကာ အားပေးကျင်းပနေခြင်းပင်။
''နောက်ဆုံးတော့ ငါ 'ချစ်ရိပ်ဖန်ဆင်း'လေး၁၈နှစ်ပြည့်ခဲ့ပြီလေ...ဟား!ဟား!''
''ကဲ!ငါတို့ထဲက အငယ်ဆုံးလေးလည်းအသက်ပြည့်ပြီ၊အရွယ်ရောက်ပြီဆိုတော့ နောက်ဆိုငါတို့clubကိုခိုးပြီးလာစရာမလိုတော့ဘူး''
''ဒါပေါ့၊ဒီနေ့ကစပြီး officialကဲပြီ''
''ဟဲ့!ငါတို့ထဲမှာအသက်မပြည့်တဲ့သူကျန်သေးလား''
''မကျန်ဘူး၊လုံးဝမကျန်ဘူး''
''ok!
ဟေးး!''''အမိတို့ အာပြဲကြီးတွေသိပ်အော်မနေနဲ့
ဟိုမှာ CCTVရှိတယ်မြင်လား၊ငါ့ဦးလေးကြည့်နေလိမ့်မယ်''''အမယ်လေးနော်!သူ့ဦးလေးကိုများငါတို့ကကြောက်ရမှာဆိုတော့''
ချစ်ရိပ် ခပ်လှောင်လှောင်လေးပြောမိတော့ သူငယ်ချင်းကောင်လေးရဲ့မျက်နှာကရှုံ့ရှုံ့မဲ့မဲ့။ဒီclubက သူ့ဦးလေးအပိုင်မို့လည်းချစ်ရိပ်တို့ဒီလို မိုးမြင်လေမမြင်အော်ဟစ်ဆူညံနေခြင်းပါ။ကိုယ့်နယ်မြေဆိုတော့ သိတယ်မဟုတ်လား...ဟင်း!ဟင်း!။
''ဟဲ့!ဒီမှာကုန်သွားပြီ
ငါ့ကိုထပ်ထည့်ပေး''''အမလေး!ဘယ်အငတ်တိုင်းပြည်ကများကျလာသလဲ မိချစ်ရိပ်ရယ်''
ပြောပြောဆိုဆိုနှင့်သူငယ်ချင်းက ချစ်ရိပ်ရဲ့ခွက်ထဲသို့ Alcoholအပြင်းစားတွေထပ်ထည့်ပေးလေ၏။သည်တော့မှ ချစ်ရိပ်နှစ်နှစ်ကာကာဖြင့် ပါးချိုင့်လေးပေါ်အောင်ပြုံးလိုက်ပြီး အားပါးတရမော့ပစ်သည်။
''ရားး!
ဒီအရသာလေး ငါကြိုက်လိုက်တာ
မြည်းစမ်းချင်ခဲ့တာ သိပ်သိပ်ကြာပြီ''''အံမယ်!နင်အရင်ကခိုးသောက်ဖူးတယ်မလား
မသိတာကျလို့''''ငါသောက်တာဒါမဟုတ်ဘူးဟ
ဒယ်ဒီသောက်နေကျဝိုင်တွေ...ဟီး!ဟီး!''
YOU ARE READING
🍓'ချစ်တတ်ခြင်းက မင်းနဲ့မှ'🍓
Romance'ချစ်ရိပ်ကအရမ်းဆိုးပါတယ်လို့ ခဏခဏပြောတယ်နော် ဒါတောင်မှအဲ့ဒီခြေလှမ်းတွေက ဘာကြောင့်ချစ်ရိပ်ဆီပဲလှမ်းချင်ရတာလဲ?ဦးက သိပ်ပြီးစိတ်ရှုပ်ခံနိုင်တာပဲ' (ချစ်ရိပ်ဖန်ဆင်း/nic_ဂျစ်တူး) 'ကိုယ်က လိမ္မာတဲ့ကလေး...