CH 6(Uni+Zaw gyi)

946 36 0
                                    

လေပြေအေးအေးလေးတွေ တဖြူးဖြူးတိုက်ခတ်နေသော ရပ်ဝန်းတစ်ခု၌ ခြေစုံလေးရပ်နေမိသူက ချစ်ရိပ်...။ဘေးပတ်ဝန်းကျင်သည်လည်း ငြိမ်သက်တိတ်ဆိတ်လျက်ရှိကာ ရေလှိုင်းတွေတဝုန်းဝုန်းရိုက်ခတ်နေသည့်အသံကို ခပ်လှမ်းလှမ်းတစ်နေရာဆီမှကြားနေရသည်။ဖိနပ်လည်းမပါသောခြေဖဝါးနုနုလေးတွေအောက်မှာရှိနေသည်က နွေးထွေးနူးညံ့သောသဲပွင့်ကလေးတွေ...။

''ဘုရားရေ!ချစ်ရိပ်ဘယ်နေရာကိုရောက်နေတာပါလိမ့်´´

စိမ်းသက်နေသည့်ပတ်ဝန်းကျင်အား မျက်လုံးပြူးလေးဖြင့်လိုက်ကြည့်နေမိရင်း ရေလှိုင်းသံတွေရှိရာဆီသို့ တရွေ့ရွေ့ဆက်လျှောက်လာခဲ့သည်။ထိုစဥ်ခပ်လှမ်းလှမ်းတစ်နေရာ၌တွေ့လိုက်ရသည်က လှပလွန်းသည့်ပင်လယ်ပြာကြီးတစ်ခု...။ပြီးတော့ ထိုပင်လယ်ရဲ့ရေလှိုင်းတွေထဲ ပျော်ရွှင်ဆော့ကစားနေသောပုံရိပ်လေးတွေကြောင့် ချစ်ရိပ်ခြေလှမ်းလေးရပ်တန့်လို့သွားမိ၏။

''သမီးလေး အရမ်းမပြေးရဘူးလေ
လာ! မာမီ့ဆီလာ´´

''မာမီ!!´´

တကယ်ပင် ချစ်ရိပ်တွေ့နေရသည့်ပုံရိပ်လေးကမာမီ။ထို့အပြင် မာမီရှေ့ကနေ တခစ်ခစ်ရယ်ရင်းပြေးလွှားဆော့ကစားနေသည့်ကလေးငယ်က ချစ်ရိပ်...။ဘာလဲ! ဘယ်လိုကြောင့် ချစ်ရိပ်သေးသေးလေးကဟိုမှာရှိနေတာလဲ?

နားမလည်စွာငေးကြည့်နေမိစဥ်မှာပဲ ပြေးလွှားနေသည့်ထိုနှစ်ယောက်ရဲ့အနောက်သို့ ပုံရိပ်တစ်ခုထပ်ရောက်လာပြီး...

''ပေါက်စလေးတွေ အရမ်းဆော့တာပဲကွာ
ဒီကိုလာဦး၊အုန်းရည်သောက်ရအောင်´´

''ဒယ်ဒီ!!´´

နံဘေးမှာရပ်နေသည့်ချစ်ရိပ်ကိုပင်မြင်ကြဟန်မတူပါ။အရင်လိုပျော်ရွှင်နေဆဲ ထိုမိသားစုလေးဟာ ချစ်ရိပ်နဲ့ဘာမှမသက်ဆိုင်သည့်အလား။

''ဟင့်! ဟင့်! မဟုတ်ဘူးလေ
ချစ်ရိပ်ကဒီမှာပါ´´

ကြည့်နေရင်းမှပင် ရင်ထဲလှိုက်တက်ဝမ်းနည်းလာရပါ၏။သို့နှင့် ထိုအနားလေးသို့ဆက်ပြေးသွားကာ ရင်ဘတ်ပေါ်လက်လေးဖြင့်ဖိရင်း အော်ပြောမိလည်း အသံကကျယ်ကျယ်မထွက်ဘဲ ပူလောင်ခြောက်သွေ့သောလည်ချောင်းဝ၌ ဆို့နင့်ပျောက်ကွယ်သွားခဲ့စဥ် ဒယ်ဒီနဲ့မာမီကလည်းကလေးလေးကိုနှစ်ယောက်အလယ်ထား၍ လက်တစ်ဖက်စီမှဆွဲကာ ချစ်ရိပ်ရှိရာဘက်ကိုကျောခိုင်းထွက်သွားလေ၏။

🍓'ချစ်တတ်ခြင်းက မင်းနဲ့မှ'🍓Where stories live. Discover now