''သူဘယ်လိုနေသေးလဲ
ဆရာဝန်လာကြည့်ပေးပြီးပြီလား´´''မကြည့်ခိုင်းထားပါဘူး
bossရဲ့အမိန့်မရဘဲ သူ့ကိုအခန်းပြင်ပေးမထွက်ရဘူးဆိုလို့´´''ဘာ!´´
ထိုစကားကြောင့် ခပ်သွက်သွက်လှမ်းနေသည့်သူ့ခြေလှမ်းတို့ရပ်တန့်သွားရပြီး အခုခြေအနေအထိအမိန့်နာခံကောင်းနေသည့် သူ့နောက်လိုက်တွေအား ခပ်စူးစူးကြည့်ပစ်လိုက်၏။ထို့နောက် မြေအောက်ခန်းဆီကိုပဲဦးတည်ဆက်သွားလိုက်သည်။ရင်ထဲမှာလည်း စိုးရိမ်စိတ်တွေတရိပ်ရိပ်တက်နေသည်ကထူးထူးဆန်းဆန်း။ဘာတွေဖြစ်နေမှန်းလည်းနားမလည်ပေမယ့် သေချာတာကတော့ သူ့စိတ်တွေအရမ်းလှုပ်ရှားနေတာပါပဲ။
ဟုတ်တယ်၊ဝန်ခံရရင် အဲ့ဒီ့ဂျစ်တူးလေးကို သူစိတ်ပူနေမိတယ်။ထိုနေရာမှာနှစ်ရက်လောက်ပစ်ထားမိတာကိုက တကယ်မှားခဲ့ပါရဲ့။
''ကျွီ!´´
စိုးရိမ်လှုပ်ခတ်နေသောစိတ်တို့နှင့်အတူအခန်းတံခါးကိုဖွင့်ဝင်လိုက်သည်နှင့် အခန်းနံရံထောင့်၌ခွေခွေလေးလဲနေသည့်ပုံရိပ်လေးကိုတွေ့လိုက်ရသည်။ထိုနှင့်တပြိုင်နက် သူ့ခြေလှမ်းတို့ကသူမထံအပြေးရောက်သွားခဲ့ရပြီး ပုစွန်ထုပ်လေးသဖွယ်ကွေးနေသည့်ခန္ဓာကိုယ်လေးအား ဆွဲပွေ့ယူ၍...
''ချာတိတ်!´´
''ဟင်း!
ဟင်း!´´ဘာစကားမှပြန်မပြောနိုင်သလို မျက်လုံးပင်ကောင်းစွာမဖွင့်နိုင်တော့ဘဲ ဖြူဖျော့နေသည့်နှုတ်ခမ်းပါးလေးမှ တိုးဖွဖွလေးသာညည်းနေလေ၏။နဖူးလေးထက် လက်တင်စမ်းကြည့်တော့ မီးတောက်မတတ်ပူသည်။နဖူးတင်မက လူတစ်ကိုယ်လုံးမီးခဲလေးလိုခြစ်ခြစ်တောက်ပူနေသည်မို့ သူစိတ်တွေယောက်ယတ်ခတ်စွာဖြင့် ရင်ခွင်ထဲဖက်ထားသည့်ခန္ဓာကိုယ်လေးကို ပွေ့ချီလိုက်စဥ်...
''boss ကျွန်တော်ပဲခေါ်သွားပေးပါမယ်´´
''ရတယ်၊ကိစ္စမရှိဘူး
သိပ်ခေါ်ချင်နေရင်ဆရာဝန်သာသွားခေါ်´´လှမ်းသည့်လက်က ချာတိတ်မရဲ့အသားကိုပင်ထိခွင့်မရလိုက်။လက်ဖျားနဲ့တောင်မထိမိစေရန် bossကတစ်ဖက်သို့လွှဲရှောင်ပြီး ထိုကလေးမကိုပွေ့ခေါ်သွားလေ၏။ဒီတော့လည်း dawnတစ်ယောက်လက်ရှက်ရှက်နဲ့သာကျန်နေခဲ့ပြီး တအံ့တသြဖြင့်ခေါင်းကုတ်နေမိ၏။
YOU ARE READING
🍓'ချစ်တတ်ခြင်းက မင်းနဲ့မှ'🍓
Romance'ချစ်ရိပ်ကအရမ်းဆိုးပါတယ်လို့ ခဏခဏပြောတယ်နော် ဒါတောင်မှအဲ့ဒီခြေလှမ်းတွေက ဘာကြောင့်ချစ်ရိပ်ဆီပဲလှမ်းချင်ရတာလဲ?ဦးက သိပ်ပြီးစိတ်ရှုပ်ခံနိုင်တာပဲ' (ချစ်ရိပ်ဖန်ဆင်း/nic_ဂျစ်တူး) 'ကိုယ်က လိမ္မာတဲ့ကလေး...