penthouse (2)
ကောင်လေးတွေရှေ့ရောက်တော့ မျက်စပစ်ပြကာ နှစ်ယောက်ကို ခေါ်လိုက်သည်။အခေါ်ခံလိုက်ရသည့် ကောင်လေးနှစ်ယောက်ကလည်း မတ်တပ်ရပ်ပြီး ရှေ့ကို ထွက်လာကြသည်။
"မင်းတို့ကို မတ်တပ်ရပ်ခွင့်ပေးမထားသေးဘူး။လေးဘက်ထောက်ပြီးလာ"
အစောင့်တစ်ယောက်က ပြောလိုက်တာမလို့ ရှေ့ထွက်လာတဲ့ကောင်လေးနှစ်ယောက်လည်း ချက်ချင်း လေးဘက်ထောက်လိုက်ရသည်။
လေးဘက်ထောက်နဲ့ အစောင့်တွေနားရောက်တော့ အစောင့်တွေက သူတို့လက်ထဲက ဝိုင်ပုလင်းနဲ့ဖန်ခွက်ကို ကောင်လေးတစ်ယောက်အား ပေးသည်။သစ်သီးပန်းကန်ကိုတော့ နောက်ကောင်လေးတစ်ယောက်အား ပေးသည်။
"သွား သူဌေးဆီသွားပြီး ခစားကြ"
"ဟုတ်"
"ဟုတ်"
ကောင်လေးနှစ်ယောက်လည်း ကြောက်ကြောက်လန့်လန့်ဖြင့် သူတို့သခင်လို့ ခေါ်ရမယ့်သူဆီ ဒူးထောက် တဇွတ်ဆွဲသွားရသည်။အနားရောက်တော့ သူတို့သခင်ဖြစ်သူ၏ ဘေးတစ်ဖက်တစ်ချက်မှာ ဒူးထောက်နေရာယူလိုက်ပြီး
"ဝိုင်ရပါပြီ သ သခင်"
သခင်ဆိုသည့်စကားကို ပထမဆုံးပြောဖူးမှန်းအရမ်းသိသာသည်။သခင်တစ်ခါခေါ်ဖို့အရေး မနဲအားယူ ပြောနေရ၏။ထိုကောင်လေးနှစ်ယောက် သူတို့သခင် အနားရောက်သွားချိန်မှာ နောက်ကအစောင့်တွေက နောက်ထပ်ကောင်လေးတစ်ချို့ကို ခေါ်လိုက်ပြန်သည်။
ကောင်လေးတွေ အနားကို လေးဘက်ထောက်ရောက်လာတော့ အစောင့်တွေက တစ်ယောက်ချင်းဆီကို ညွှန့်ကြားလိုက်ပြီး သူတို့သခင်ဖြစ်သူအနား သွားစေ၏။
ကောင်လေး ငါးယောက် သခင်ဖြစ်သူအနားကိုရောက်တော့ ကောင်လေးတစ်ယောက်က
"သခင် ကျနော်ကိုယ်ပေါ်မှာ သခင်ခြေထောက်တွေကို တင်ထားခွင့်ပြုပါ သခင်"
သခင်ဖြစ်သူက ဘာမှ ပြန်မပြော။ရှေ့ကိုသာ မျက်စပစ်ပြသည်။ကောင်လေးကလည်း သဘောက်ပေါက်စွာ သခင်ဖြစ်သူရှေ့တည့်တည့်မှာ ကန့်လန့်ဖြတ် လေးဘက်ထောက်လိုက်သည်။