penthouse (5)
ကောင်လေးတွေအားလုံး သခင်ကို ပြန်ဖြေပြီး လုပ်နေတဲ့အလုပ်တွေကို ရပ်လိုက်ကြ၏။ဆိုဖာပေါ် ထိုင်နေတဲ့နှစ်ယောက်လည်း ကြမ်းပြင်ပေါ် ပြန်လာဒူးထောက်သည်။ကျန်တဲ့သူတွေလည်း အကုန်ဒူးထောက်သည်။သစ်သီးပန်ကန်ကိုင်ထားတဲ့သူတစ်ယောက်ကတော့ ကိုင်ထားမြဲကိုင်ထားဆဲပေါ့။
သူလည်းအရမ်းညောင်းနေပြီဆိုပေမယ့် ခုလေးတင်ဖြစ်နေတဲ့ဖြစ်ရပ်ကို သူကိုယ်တိုင် မြင်နေရတာမလို့ ဘာမှ မပြောရဲ။အတွန့်မတက်ရဲ။ခြေထောက်တင်ခံရတဲ့တစ်ယောက်တော့ သခင်က သူ့အပေါ်ကနေ ခြေထောက်ဖယ်ပေးမှ နောက်ဆုတ်ပြီး ဒူးပြန်ထောက်ရသည်။
"တောင်းပန်ပါတယ် သခင် မရိုက်ပါနဲ့နော် အီး...ဟီး......သားကြောက်လို့ပါ"
သခင်ထလာတာနဲ့အတူ ကောင်လေးခမျာ အရမ်းကြောက်လန့်ပြီး ခုနကထက်ပိုပြီး ခေါင်းနဲ့ကြမ်းပြင် အကြိမ်ကြိမ် ထိကာ ငိုယိုတောင်းပန်တော့သည်။
lucab ဆိုဖာပေါ်တင်ထားတဲ့ကြာပွတ်ကို ကောက်ကိုင်လိုက်ချိန်မှာ ကောင်လေးခမျာ ကြောက်လွန်းလို့ နေစရာနေရာမရှိတော့။
"သခင် မလုပ်ပါနဲ့ တောင်းပန်ပါတယ် အီး....ဟီး......."
lucabခြေသလုံးကို အတင်းပြေးဖက်တောင်းပန်တော့သည်။
"မင်းက ငါ့အသားကိုထိရအောင် မင်းကိုယ်မင်း ဘာထင်နေတာလဲ"
ခက်ထန်တဲ့အသံထွက်လာချိန်မှာ ခြေသလုံးကိုဖက်ထားတဲ့ လက်တွေ အလိုလိုပြုတ်ကျရပြီး အရင်အပြစ်တောင်မကျေသေးဘဲ နောက်အပြစ်အတွက် ထပ်တောင်းပန်ရပြန်သည်။
"သခင် တောင်းပန်ပါတယ် အီး....ဟီး........"
ဒီတစ်ခါတော့ လက်အုပ်ချီရင်း ချီထားတဲ့လက်နှစ်ဖက်ကို ပွတ်ကာ ငိုယိုတောင်းပန်သည်။
"မင်းက ကြာပွတ်နဲ့အရိုက်ခံရမှာကို အရမ်းကြောက်တယ်ပေါ့"
ကောင်လေးရဲ့မျက်နှာပေါ် ကျောပေါ် ပုခုံးပေါ်တွေကို ကြာပွတ်နဲ့ သက်တောင့်သက်သာ ပွတ်သပ်ရင်းပြောခြင်းဖြစ်သည်။ကောင်လေးမှာတော့ ဘယ်အချိန်များ လွှဲရိုက်လိုက်မလည်း တွေးရင်း လန့်လွန်းလို့ ကြာရင် နှလုံးရောဂါရတော့မည်။
လူသတ်သမားက ကိုယ့်လည်ပင်းမှာ ဓားထောက်ထားပြီး ဘယ်အချိန် သတ်မလဲ ဘယ်အချိန် လှီးလိုက်မလဲ တွေးကြောက်ရသည့် ခံစားချက်မျိုး။