Episode - 2

227 31 8
                                    

(Unicode)

ပြတင်းမှန်ကနေတစ်ဆင့် အခန်းထဲထိုးဖောက် ဖြာကျနေတဲ့ နေရောင်ခြည်ကို Jungkook ခံစားမိသလို မြင်လည်းမြင်နိုင်တဲ့အခြေနေကြောင့် သူ့ရဲ့ မနက်ခင်းက လှပတယ်လို့ပဲ သတ်မှတ်တယ်...။ ဆေးရုံရက်ချိန်းနေ့ဖြစ်တဲ့အပြင် နေကာမျက်မှန်ဆက်တပ်ဖို့ လိုမလို ဆရာဝန်ကဆုံးဖြတ်ပေးမဲ့နေ့ဆိုလို့လည်း စိတ်လှုပ်ရှားပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းဖြစ်နေတာပဲ နေလိမ့်မယ်...။ အကယ်၍များသာ ဆက်မတပ်ရဘူးဆို သူလုပ်ချင်တာတွေကို မကြာခင်ပဲ စလုပ်နိုင်တော့မှာမဟုတ်လား...။

သက်ပြင်းကျယ်ကျယ်ချပြီးတဲ့နောက်တော့ ဆေးရုံဆီသွားဖို့ အဆင်သင့်ဖြစ်နေတဲ့စိတ်နဲ့ အိမ်အောက်ထပ်ကို တစ်ယောက်တည်းဆင်းသွားလိုက်တယ်...။ သူဆင်းလာတာကို မြင်တဲ့ မမကလည်း မျက်လုံးမျက်ဆန်ပြူးပြီး အပေါ်တက်လာနေတာမို့ သူတကယ် မရယ်ဘဲမနေနိုင်ပါ...။

တကယ်ဆို သူတစ်ယောက်တည်း အတက်အဆင်းကောင်းကောင်းလုပ်နေရလို့တဲ့ အခြေနေထိရောက်နေပါပြီဆိုတာကို ပြောပြထားတာ‌တောင်မှပဲစိတ်ပူတာကို ဘယ်လိုမှ မလျှော့နိုင်တဲ့ မမပါလေ...။

"မမပဲ မှောက်ကျနေဦးမယ်... ‌ဖြည်းဖြည်းသာသာ လာပါ... အခုတော့အဲ့နေရာမှာပဲ စောင့်နေလိုက်တော့ နော် ~"

အဲ့လိုကျတော့မှပဲ ရောက်တဲ့နေရာမှာရပ်ပြီး သူအဲ့အနားရောက်တာနဲ့ လက်တွဲပေးဖို့ကို အဆင်သင့်လုပ်ထားလားသလားတောင်အောက်မေ့ရတယ်...။ သူ့ကို ဒုက္ခိတလို ဆက်ဆံနေပါတယ်ဆိုပြီး တစ်ခါမှတော့ စိတ်ဆိုးဖူးတာမျိုးမရှိ ဘာလို့ဆို မမတို့စေတနာကို သူကောင်းကောင်း စံစားခဲ့ရပြီးပြီလေ...။

"မမ ... သား ဒီမျက်မှန်ကြီးကို ဒီနေ့တွင်းပဲ ချွတ်ပစ်လိုက်လို့ရမှာပါနော်"

"ရမှာပါကွယ် ... ဒီတစ်လကျော်လုံးမှာ ဂရုတစိုက်နေထားတာကို"

နေကာမျက်မှန်တပ်ရတာကို နှာတရှုံ့ရှုံ့ ညီးညူနေပြတဲ့ Jungkook ကို သူ့အမေက မြင်တာနှင့် ရယ်လေတော့ ဂျောင်ကုရော သူနာပြုမလေးကပါ အူလည်လည်ဖြစ်ကုန်တော့တယ်...။

"ဘာလို့ရယ်တာလဲ မေမေ"

"သားငယ်ငယ်ကဆို နေကာမျက်မှန်မြင်လို့မရဘူး... အဲ့နေကာမျက်မှန်ကြီးတပ် ကုတ်အင်္ကျီဝတ်ပြီး ရှိုးစမိုးထုတ်လွန်းတာလေ"

Just a GlanceWhere stories live. Discover now