Episode - 1

289 42 4
                                    

(Unicode)

"ဒါဆို မေမေတို့ မရောက်လာနိုင်ဘူးပေါ့နော် ဒေါ်ကြီး"

"ဟုတ်ပါတယ်..."

နေသားကျနေတဲ့ ‌အခြေအနေကြောင့် ဝမ်းနည်းတာမျိုးမရှိလည်း စိတ်ပျက်တာကတော့ ပျက်တာပါပဲ...။ ဒါပေမဲ့ Jungkook မျက်နှာလည်းမမဲ့၊ မျက်နှာပေါ်က ခပ်ရေးရေးအပြုံးကလည်း ချစ်စဖွယ်ကောင်းစွာရှိနေတုန်း...။ ပြုံးလျက်ပဲ အခြေအနေကိုလက်ခံကာ နာရီပိုင်းအတွင်း ပြန်လည်အလင်းအရောင်သက်ဝင်လာမည့် သူ့ဘဝကိုသာတွေးရင်းပဲ Jungkook စိတ်ထဲ ပျော်ရွှင်ခြင်းတွေက ဂယက်ထနေတော့တယ်...။

အနားမှာရှိနေတဲ့လူတွေက အမှောင်ကျနေရတဲ့ ဆယ်နှစ်တာလုံး သူနဲ့အတူရှိနေခဲ့ကြတာဆိုတော့ သူ့နီးနီး စိတ်လှုပ်ရှားနေခြင်းတွေကို ခွဲစိတ်မှုအတွက် အားပေးစကားပြောနေခြင်းတွေကနေ ကောင်းကောင်းကြီး သိနေရတဲ့အပြင် သူတို့ကြင်နာမှုရဲ့ နွေးထွေးမှုတွေကိုလည်း ခံစားမိတယ်...။ ဒီလူတွေကြောင့်ပဲ သူ့စိတ်လှုပ်ရှားခြင်းတွေ တစ်ဝက်သက်သာရသွားတော့တယ်‌...။

ခွဲစိတ်ခန်းဝင်ဖို့ အသင့်ပြင်ရမဲ့အချိန်ကစပြီး သူ့ခံစားချက်တွေဟာ ရှုပ်ထွေးလာပြီး ရင်ထဲလေးလံလာတော့တယ်...။ ရောပြွန်းနေတဲ့ ခံစားချက်တွေက ခွဲခန်းထဲအထိ တကောက်ကောက်ပဲ...။ အသားပေါ်က စူးခနဲ ကျင်တက်သွားပြီးတဲ့နောက်မှာတော့ ဒီခံစားချက်တွေအပါအဝင် သူ့အသိစိတ်တွေလည်း ခဏတာရပ်တန့်သွား‌လေပြီ...။

~•~•~•~•~•~•~•~•~•~•~•~

မျက်လုံးကိုအုပ်ထားတဲ့ ပတ်တီးတွေခွာ‌နေချိန် ဆရာဝန်ရဲ့ ဂရုတစိုက်မှာကြားနေတဲ့ စကားသံတွေကို အာရုံစိုက်နားထောင်လိုက်နာပေမဲ့လည်း စက္ကန့်ပိုင်းအတွင်း အမြင်အာရုံပြန်ရတော့မယ်ဆိုတဲ့အသိက သူ့စိတ်ကို ပြင်းပြင်းထန်ထန်ကို လှုပ်ကိုင်နေတယ်...။

မျက်စိမှိတ်ရာကနေ ပြန်ဖွင့်လို့ ဆယ်နှစ်ကျော်အကြာမှ ပထမဆုံးအကြိမ်အနေနဲ့မြင်ရတဲ့ စူးရှလွန်းတဲ့အလင်းတန်း၊ တဖြည်းဖြည်း ခပ်ရေးရေးပေါ်လာတဲ့ ပုံရိပ်တွေ...။

မြင်နိုင်တယ် ဆိုတဲ့အသိက သူ့ရင်ဘတ်ထဲ ပျော်ရွှင်ခြင်းတွေကို လှိုက်လှဲလွန်းစွာ ဖြစ်တည်စေတယ်...။ တစ်ဆက်တည်း ဝင်လာတဲ့ ကျေးဇူးတင်စိတ်တွေရဲ့နောက်မှာ သူ့အလှူရှင်အတွက် စိတ်မကောင်းခြင်းက ကပ်ပါလာပြန်တယ်...။ ရောယှက်သွားပြန်တဲ့ ခံစားချက်တွေရဲ့ ရလဒ်က မျက်ရည်လည်လာခြင်းပါပဲ...

Just a GlanceWhere stories live. Discover now