[Unicode]
မီးအဝါရောင် ခပ်မှိန်မှိန် လင်းနေပြီး သီချင်းသံ ခပ်တိုးတိုးသာ ကြားနေရသည့် bar stoolတွင် Hoseok အဖော်မပါဘဲ တစ်ယောက်တည်း ထိုင်နေရတယ်။အစကတော့ Yoongi အိမ်မှာပဲ ညနေစာ အဆာပြေလောက်စားပြီးမှ ထွက်လာဖို့ပေမဲ့ မောင်းထုတ်ခံထိထားလို့ သူ့အိမ်သူပြန်ပြီးမှ ဒီကိုထွက်လာရတာ။မောင်းထုတ်ခံထိတယ်ရယ်လို့တော့မဟုတ် Yoongi က သူ့အိမ်မှာ ဆိုဖာတွေ လဲဖို့ ရှိသေးတယ် မလာနဲ့ဟု ပြောထားတာပင်။ လိုက်လာမယ်သာပြောတာ အခုထိ အစအနတောင် မပေါ်လာသေးတာ ကြောင့်ရော၊ သူ့ဟာသူ တစ်ယောက်တည်းသောက်နေတာ သုံးခွက်မကတော့တာကြောင့်ပါ Yoongi ကို ဖုန်းဆက်လိုက်တော့တယ်။
Ringing ဖြစ်နေပေမဲ့ မကိုင်တဲ့ Yoongiကို စိတ်ပူရမလား စိတ်တိုရမလား မသဲကွဲပါ။
“ငါ .. လာမယ် .. လာနေပြီ”
ဖုန်းချလုဆဲဆဲမှာပဲ ဖုန်းကိုင်လိုက်တာမို့ တော်သေးသည်။
“ မင်း ဆိုဖာတွေ တစ်ယောက်တည်းလုပ်နေရလို့ မော--”
စကားတောင် မဆုံးသေး ဖုန်းချသွားတဲ့ Yoongi ကြောင့် Hoseok သက်ပြင်းချရုံမှ တစ်ပါး မလုပ်နိုင်။ဆဲဆိုနေလို့လည်း ဘာမှမထူး ... သူငယ်ချင်း ဖြစ်လာတဲ့တစ်လျှောက်လုံး ဒီလိုပဲ အလုပ်ခံနေခဲ့ရတာဆိုတော့ ...။
Bartender က နောက်တစ်ခွက် ယူမလား မေးငေါ့ပြီးအချက်ပြပေမဲ့ Hoseok ခေါင်းခါပြလိုက်တယ်။ Yoongi လာလို့ သူ မူးနေတာမြင်ရင် သူ့ကို မစောင့်ဘူး ဘာညာနှင့် နားပူနားဆာ လုပ်မှာကို သူမခံနိုင်။
•
•
•
“ဘာလုပ်နေတာလဲ မင်း ... နောက်ကျလိုက်တာ တကယ်ပဲ”
“ညီလေးရေ အကိုသောက်နေကျ အတိုင်းပဲ တစ်ခွက် ”
“ဘာလို့ နောက်ကျတာလဲလို့”
“မင်းမေကြီးတော်ပဲဟေ့ !! လုပ်စရာရှိနေလို့ပေါ့ကွ”
Hoseokက အော်ရယ်သည်။အမြဲတမ်း Yoongi ကို မဆဲ,ဆဲအောင် သွားရစ်နေကြသူ့အတွက်က ဒီဟာက အောင်မြင်မှုတစ်ခုလိုပဲလေ။
သူ့ဟာသူ ရယ်နေရင်း ခါတိုင်းနှင့် မတူစွာ မျက်နှာမကောင်းဘဲ ငြိမ်နေသည့် Yoongi ကြောင့် သူပြန်ငြိမ်လိုက်တယ်။ အမြဲတမ်း ခပ်တည်တည်ပဲ နေတတ်တဲ့သူရယ်ဖြစ်ပါစေဦး၊ သူ့သူငယ်ချင်းအရင်းကြီး မျက်နှာပျက်နေပြီဆို သူအမြဲ ခွဲခြား သတိထားမိစမြဲ။

YOU ARE READING
Just a Glance
RomanceWhen I look into your eyes, I want you to be mine. Jung Hoseok x Jeon Jungkook