Episode 7

114 12 2
                                    

[Unicode]

ရုတ်ရုတ်သဲသဲ ဖြစ်နေတဲ့ မြင်ကွင်းနဲ့အတူ သွေးရူးသွေးတမ်းအော်နေပုံရတဲ့ စကားသံ‌ဟာ Hoseokစိတ်ကို ဖမ်းယူသွားသည့်အလျောက် ဟိုဆော့ ခြေလှမ်းကျဲကြီးတွေနှင့် ထိုနေရာဆီ အရောက်သွားသည်။ဆေးရုံဆိုသည့်အတိုင်း အမျိုးမျိုးသောလူနာတွေရှိတာမို့ ဒီတစ်ယောက်က ဘယ်ဌာနက လူနာရယ်လို့ တွေးနေချိန်တော့မရှိ။ ဘယ်ဌာနက ဆရာဝန်ဖြစ်နေပါစေ ဒီလို ရုန်းရင်းဆန်ခတ်ဖြစ်နေလျှင်တော့ ထိန်းရမဲ့ တာဝန်က ဆရာဝန်တစ်ယောက်မှာ အပြည့်ဝရှိသည်။

မထင်မှတ်ထားစွာပဲ အဲ့ဒီအော်သံက Jungkookလေးဆီက...
ဘာမှတောင် မတုံ့ပြန်နိုင်သေးခင် ပြေးဖက်ပြီး ဒီကနေ အမြန်ဆွဲထုတ်ပေးဖို့ ပြောနေတဲ့ကလေးကြောင့် သူ့ရင်ထဲမှာ ပူပူလောင်လောင်ခံစားချက်တွေက အပြေးအလွှား။

"ဆရာမတို့ သွားလို့ရပြီ...ဒီကလေးကို ကျွန်တော့်တာဝန်ထား"

သူ့ရင်ခွင်ထဲကနေ လုံးဝမထွက်ဘဲ တသိမ့်သိမ့်တုန်စွာ ငိုနေတဲ့ ကလေးရဲ့ တင်းတင်းကြပ်ကြပ်ဖက်ထားမှုက နည်းနည်းလေးတော့ သူ့ကိုယ်ကို နေရခက်စေသည်။အနားမှာ လူတွေမသိမသာ ဝိုင်းနေတဲ့အခါ အကုန်လုံးကို ခပ်တည်တည်နဲ့ပဲ ကြည့်ပေးလိုက်တဲ့အခါ ပတ်ဝန်းကျင်က ရှင်းလင်းတိတ်ဆိတ်သွားသည်။

"အခုကိုယ်ပဲရှိတော့တယ်နော် ကောင်လေး...ဘယ်သူမှ ဒီနားမရှိတော့ဘူး ကိုယ်ဆေးရုံအပြင်ခေါ်သွားပေးမယ် လက်သေချာကိုင်ထားနော်"

ကိုယ်လေးကို ပုခုံးကနေကိုင်ပြီး ပြောတဲ့အခါ သူ့ကို အကြည့်ချင်းမဆုံဘဲ ‌အောက်ငုံ့ပြီးပဲ ခေါင်းညိတ်ပြတယ်။ ငိုထားလွန်းလို့ နှာခေါင်းလေးနီပြီး မျက်ရည်ဥလေးတွေ ပါးစောင်နား သီးနေတာလေးကအစ ထွေးပွေ့ထားချင်စရာလေး။

ပုခုံးကိုကိုင်ထားရာကနေ သူ့လက်‌ကလေးကို လျှောကိုင်တော့ စကားနားထောင်ကာ လက်ကို သေသေချာချာဆုပ်ကိုင်လာသည်။ ဓာတ်လှေကားကနေ တစ်ဆင့် တစ်ခါတည်း ground floor‌ဆီ ခေါ်သွားလိုက်သည်...ဆေးရုံပထမထပ်ကိုသာ ထပ်ခေါ်သွားမယ်ဆို ဒီကလေး ထပ်ငိုနေဦးမှာ။

Just a GlanceWhere stories live. Discover now