Episode 5

128 18 2
                                    

[Unicode]



ဘာမှကို မတွေးနိုင်ဘဲ ကြောက်စိတ်တွေပဲ ပြည့်နှက်နေမယ်လို့ ထင်ထားခဲ့ပေမဲ့ ဒေါက်တာ ရှိနေတဲ့ ဒီလက်တွေ့မှာ သူ့စိတ်တွေဟာ လုံခြုံသွားတယ်။သိတာ မကြာသေးပေမဲ့ မြင်တိုင်း တရင်းတနှီး ဆက်ဆံပေးလို့များ လွယ်လွယ်လေး ယုံမိပြီး အားကိုးမိတာများလား။ဒီလိုဆိုရင်တောင် ဒီလို အလွယ်တကူ ဖြစ်လာတဲ့ ခံစားချက်ကို jungkook ထွေးပွေ့ထားချင်တယ်။

အားကိုးရာရှိလို့ပဲ ပိုတိုးလို့ ကြောက်စိတ်တွေကို ဖွင့်ပြချင်မိသွားလား မသိပေမဲ့ အခုချိန်မှာ သူ မျက်ရည်ကျဖို့လည်း မရှက်မိ။

မတူညီတဲ့ အကြောင်းရာနဲ့ အတွေးတွေဟာ ရှုပ်ယှက်ခတ်နေတယ်။
သိပ်သည်းလွန်းတဲ့ အတွေးတွေထဲ သူ‌စိတ်လွတ်သွားတော့မယ်လို့ တွေးရင်း ပိုတိုးလို့ မျက်ရည်ကျမိတဲ့အခါ ကြားလိုက်ရတဲ့ တည်တည်ငြိမ်ငြိမ် ဒေါက်တာ့ရဲ့ အသံ...

“ကိုယ်သီချင်းဖွင့်ပေးရမလား စိတ်ငြိမ်အောင်လေ ... အရမ်းကြီးလည်း တွေးမနေပါနဲ့ အဆင်ပြေကြောင်းကို ကိုယ်အတည်ပြုပေးပါမယ်”

တစ်ခုခုပြန်တုံ့ပြန်ရမှာ သိပေမဲ့ ဒီတိုင်း မျက်ရည်တွေနဲ့ပဲ ကြည့်မိတဲ့အခါ ကလေးတစ်ယောက်ကို ချော့မြူသလိုမျိုး ဒေါက်တာက သူ့ခေါင်းကို အသာလေးပုတ်ကာ ပြုံးပြလာတယ်။

ခဏနေတော့ မီးပွိုင့်မီးစိမ်းသွားတာမို့ ဒေါက်တာက ကားမောင်းတာကို ပြန်အာရုံစိုက်သွားတော့တယ်။ဒေါက်တာဖွင့်ထားပေးတဲ့ သီချင်းသံတိုးတိုးလေးက သူ့စိတ်ကို တဖြည်းဖြည်း ငြိမ်ကျသွားစေတာတော့ အမှန်ပင်။

မမတို့ အခြေနေဘယ်လိုရှိနေလဲ...
ကြီးကြီးမားမား မဟုတ်ပါဘူးလို့ ထပ်ခါထပ်ခါကြားနေရလည်း သူ့တုန်းကလို ဆိုးဆိုးရွားရွားဖြစ်သွားလို့များ လိမ်နေတာလားလို့ သံသယစိတ်လွန်ကဲနေတာကိုက ဝေဒနာတစ်ခုပဲထင်ပါတယ်။

“ရပ်ကွက်ထဲတော့ ရောက်လာပြီ Jungkook-ah အိမ်ကဘယ်နားလောက်လဲ”

“အိမ်အမှတ် 513 ပါ ဒေါက်တာ”

“အိုခေ ... ဒါနဲ့ အိမ်မှာတော့ လူရှိပါတယ်နော်”

“မေမေကတော့ ဒေါ်ကြီးရှိတယ်ပြောထားတယ် ဒေါက်တာ”

Just a GlanceWhere stories live. Discover now