[Unicode]
“ဒါကတော့ ဒီနေ့မှ သင်တန်းကိုစတက်တဲ့ သင်တန်းသားအသစ်ပါ”
“ Jeon Jungkook ပါဗျ ... ”
တစ်ခုခုတော့ ဆက်ပြောရမှာသူသိပေမဲ့ ဘာပြောရမှန်းမသိဘဲ အားလုံးရှေ့မှာ တောင့်တောင့်ကြီးရပ်နေမိတဲ့ သူ့အဖြစ်။လာတုန်းကတော့ ဘယ်လိုမိတ်ဆက်မယ်၊ဘယ်လိုမျက်နှာထားလေးနဲ့ပြောမဲ့ကအစ ကျင့်ခဲ့ပေမဲ့ အခုတော့လည်း ခြေတွေလက်တွေပါအေးနေပြီ။
အကုန်လုံးက ပြုံးပြီးကြည့်နေကြပေမဲ့ အခန်းရဲ့လေထုကတော့ သိပ်ကသိကအောက် ဖြစ်လွန်းနေတော့ ဘာမှမပြောပြနေတော့ဘဲ ဆရာ ထိုင်ခိုင်းတဲ့ နေရာမှာ ဝင်ထိုင်လိုက်တော့တယ်။
တကယ်တမ်းကျ သူ့အတွက်က သူစိမ်းတွေနဲ့ ရင်းရင်းနှီးနှီးဆက်ဆံဖို့က ထင်သလောက်မလွယ်ကူနေသေး။နှစ်တော်တော်ကြာမှ တကယ်ကြီး လူတွေနဲ့ရော အရာရာနဲ့ပါ စစ်စစ်မှန်မှန် ထိတွေ့ရတဲ့အခါ အူတူတူနှင့်။
“လူစုံဖို့ တစ်ယောက်ပဲလိုတော့တာဆိုတော့ စလိုက်ကြရအောင်”
ဘာမှန်းတော့မသိပေမဲ့ သူခေါင်းငြိမ့်လိုက်တယ်။ခဏအကြာမှာ ဆရာပြောပြတဲ့ အရောင်စပ်နည်းတွေနဲ့ အခြေခံအချက်တွေကို ကြားမြင်လာရတဲ့အခါ ရင်ခုန်မိတယ်။ဘာမှအထွေအထူးမဟုတ်သလိုပေမဲ့ သူ့အတွက်ကတော့ အခုလို အတန်းထဲထိုင်ပြီး သူဝါသနာပါရာတစ်ခုကို နားထောင်သင်ယူနေရတဲ့ ခံစားချက်က သိပ်ကို ပျော်စရာကောင်းတာ။
ငယ်ငယ်ကတည်းက ပုံဆွဲတော်ခဲ့ပြီး အခုထိလက်ရည်မကျသေးပေမဲ့လည်း အခြေခံကနေပဲ သူရွေးချယ်ခဲ့တယ်။ဖေဖေ တက်ခွင့်ပေးဖို့ ညှိနှိုင်းတာနဲ့ပဲ နှစ်ပတ်လောက်ကြာခဲ့ရလို့ သင်တန်းပထမအပတ်ကို သူလွတ်သွားပေမဲ့လည်း ဆရာက ပြန်ခြုံငုံပြောပြပေးတာကို သူအတော်လေး ကျေးဇူးတင်နေမိတယ်။
“နောက်ကျပြန်တယ်...Taehyung”
“ညက ပင်ပန်းထားလို့ပါ .. ဆရာ”
နောက်ကျမှ ဝင်လာတဲ့ Taehyung ဆိုတဲ့ တစ်ယောက်က နည်းနည်းတော့ထူးဆန်းတယ်။နောက်ကျလို့ ပြောခံထိလည်း မရှက်တတ်တဲ့ပုံပေါက်၏။ဆရာ့ကို ဘာကြောင့်နောက်ကျကြောင်းပြောတော့လည်း ဆရာက ဘာမှပြန်မပြောဘဲ ခေါင်းသာငြိမ့်ပြတယ်။သူမှတ်မိသလောက် အရင်က ကျောင်းနောက်ကျဖူးရင် ဘာအကြောင်းပြပြ သေအောင်ဆူခံထိကြတာချည်းပဲလေ။ ဒါကြောင့်လည်း အခုလို အေးဆေးတည်ငြိမ်တဲ့ တုံ့ပြန်မှုကို သူအံ့ဩနေရတာ။

YOU ARE READING
Just a Glance
RomanceWhen I look into your eyes, I want you to be mine. Jung Hoseok x Jeon Jungkook