[Unicode]
“ဒေါက်တာ ဒီမှာ ခဏနေထိုင်ပါနော် ကျွန်တော် အအေးယူလာပေးမယ်”
Hoseokလည်း ရေဆာနေတာမို့ မငြင်းတော့ဘဲ Jungkook ပြောထားတဲ့အတိုင်း ဧည့်ခန်းက ဆိုဖာပေါ်မှာ ထိုင်နေလိုက်တော့တယ်။Jungkook မှာတော့ သူ့အိတ်လေးကို ထမင်းစားပွဲမှာ တင်ထားလိုက်ပြီး ရေခဲသေတ္တာဆီ ခပ်သုတ်သုတ်သွားကာ cola တစ်ဗူးယူ၍ ဖန်ခွက်ထဲ ဖောက်ထည့်လိုက်တော့တယ်။ပြီးမှ အောက်ကနေ အောက်ခံအသေးလေးခံ၍ ဒေါက်တာ့ဆီကို ယူသွားပေးလိုက်တော့၏။
“အိမ်မှာ cola ပဲအသင့်ရှိလို့ပါ သောက်တယ်မလားဟင်”
“ဒါပေါ့ကွာ ကိုယ်က cola မှcolaဖြစ်နေတဲ့သူကြီးပါဆိုနေ... ကျေးဇူးနော် cola တိုက်တာ”
“ဟီး...ရပါတယ်ဗျ”
ဒေါက်တာက သူ့လိုပဲ cola ရူးသွပ်သူတစ်ယောက်မှန်းသိရတော့ Jungkook မှာ ပြုံးဖြီးနေမိတော့၏။
“ဒီတိုင်းပဲ ရပ်နေတော့မှာလား”
ဒေါက်တာ cola သောက်နေတာကို သူကိုယ်တိုင်တောင် သတိမထားမိလိုက်ဘဲ ငေးကြည့်နေမိရင်းကနေ ဒေါက်တာ့ရဲ့ ခပ်ဩဩအသံကြောင့် Jungkook ကိုယ်လေး တုန်တက်သွားမိတယ်။သတိထားမိလိုက်တဲ့ Hoseok ကတော့ ဘာမှ ဆက်မမေးလိုက်ပါ...မေးလိုက်ကာမှ အခြေနေတွေက ကသိကအောက်ဖြစ်ကုန်မှာ။
Jungkook ဒေါက်တာ့ရဲ့ အမေးကို ခေါင်းသွင်သွင်ခါပြရင်း တုံ့ပြန်လိုက်သော်လည်း ရပ်နေရာကနေ တစ်လှမ်းရယ်မျှ မရွေ့သေး။ပြီးကာမှ သူ့ကို ဒီတိုင်းပဲ မျက်ခုံးပင့်ကာ ကြည့်နေတဲ့ ဒေါက်တာကြောင့် Jungkook ခြေမကိုင်မိလက်မကိုင်မိဖြစ်ကာ ဒေါက်တာနဲ့ ဆိုဖာတစ်ခုတည်းမှာပဲ ဝင်ထိုင်မိတော့မလိုတောင် ဖြစ်သွားသေး၏။
အိမ်တစ်အိမ်လုံးမှာ သူတို့နှစ်ယောက်ပဲ ရှိနေသည့်အပြင် တစ်ယောက်ကို တစ်ယောက် မျက်နှာချင်းဆိုင်ထိုင်နေသည့် သူတို့နှစ်ယောက်ကလည်း စကားမပြောဖြစ်နေတော့ တိတ်ဆိတ်ငြိမ်သက်နေသည်။
သေချာတာတစ်ခုကတော့ နှစ်ယောက်လုံး စကားစရှာနေတာပေ။သို့သော်လည်း ဤတိတ်ဆိတ်နေတဲ့အခြေနေကြီးကပဲ ဖြိုခွင်းဖို့ခက်လွန်းနေတာမို့ Jungkook ကလည်း အိမ်တံခါးဘက်ကို မကြာခဏ လှည့်ကြည့်နေပေမဲ့ man spread လုပ်၍ ထိုင်နေသည့်အပြင် လက်တစ်ဖက်က ပေါင်ပေါ်တင်ထားပြီး တစ်ဖက်ကတော့ ဖုန်းကိုင်ထားကာ ဆိုဖာပေါ်သေချာကျကျနန မှီ၍ ဖုန်းကြည့်နေသောHoseok၏ ပုံစံကို သေချာသတိထားမိသွားတဲ့နောက်မှာတော့ အကြည့်တွေက အိမ်တံခါးဘက်ဆီ မရောက်တော့ပါ။

YOU ARE READING
Just a Glance
RomanceWhen I look into your eyes, I want you to be mine. Jung Hoseok x Jeon Jungkook