** နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော်နာမည်ကြီးသရုပ်ဆောင်မင်းသား ဂင်ဂယူဗင်း အနုပညာလောကမှအနားယူ **
** သရုပ်ဆောင်ဂင်၏ဖခင်ကွယ်လွန် **
** ဖခင်၏ဈာပနတွင်သရုပ်ဆောင်ဂင်အားတွေ့ရစဉ် **
ဖုန်းဖွင့်လိုက်တာနဲ့ တန်းစီတက်လာတဲ့ သတင်းတွေကိုမြင်မြင်ချင်း ယူဂျင်းလက်ဖျားတွေအေးစက်လာခဲ့သည်။
ဒါ သူလုံးဝမျှော်လင့်မထားတဲ့ သတင်း။
တစ်နည်းအားဖြင့် အံ့အားသင့်ဖွယ်ရာသတင်းဆိုး။သူတောင်ဒီလောက်ထိလန့်သွားရရင်
ဒီလိုအဖြစ်အပျက်တွေကိုရုတ်တရက်ရင်ဆိုင်လိုက်ရတဲ့ကိုကိုသာဆိုဘယ်လောက်ထိများသွေးပျက်နေလိုက်မလဲ။ယူဂျင်း သတင်းတွေကိုအပြည့်အစုံလိုက်ဖတ်ရင်း ကနေ နေ့စွဲကိုကြည့်လိုက်မိတော့ လွန်ခဲ့တဲ့နှစ်ရက်ကဖြစ်နေမှန်းသိလိုက်ရသည်။
လွန်ခဲ့တဲ့နှစ်ရက်ကဆို သူနဲ့ကိုကိုရန်ဖြစ်ထားလို့မခေါ်မပြောဖြစ်နေတဲ့ကာလအပိုင်းအခြားလေးမှာဒါတွေအကုန်ဖြစ်ပျက်သွားခဲ့တာပဲ။
သူကလည်းဖုန်းမသုံးမိသလို ကိုကိုကလည်းသူ့ကိုဘာတစ်ခုမှအကြောင်းကြားခဲ့တာမျိုးမရှိခဲ့ဘူး။
ဒီကိုကိုကတော့လေ..
အမြဲအဲ့လိုချည်းပဲ!!အခု သူ့ဘက်ကစပြီး ဖုန်းခေါ်လိုက်ပေမဲ့
ကိုကို့ဘက်ကကိုင်လာခြင်းမရှိ။ယူဂျင်း စိတ်တွေပူလာတဲ့အဆုံး
အခုချိန်မှာသူအလုပ်သင့်ဆုံး
ဆုံးဖြတ်ချက်ကိုချလိုက်တော့သည်။ဒီညလေယာဉ်နဲ့ပဲကိုရီးယားကိုပြန်ဖို့။
တကယ်ဆို သူဒီမှာနှစ်လနီးပါးကျောင်းဆက်တက်ရဦးမှာဖြစ်ပေမဲ့လည်း Professorကိုပြောပြီး onlineကနေပဲတက်ကာဘွဲ့နှင်းသဘင်လည်းမတက်တော့ဘဲဘွဲ့လက်မှတ်ကိုသာကိုရီးယားကိုပို့ပေးဖို့အတွက်ခွင့်တောင်းထားလိုက်သည်။
အခုချိန်မှာ ကိုကိုကသူ့ကိုလိုအပ်နေမှာ။
သူကိုကို့အနားမှာရှိနေပေးမှရမယ်။အဲ့ဒါအပြင် သူ့ဘဝမှာ ကိုကို့ထက်အရေးကြီးတဲ့ အရာဆိုတာမျိုးလည်း ရှိမနေခဲ့ဘူးလေ။