[ 10 ]

714 67 6
                                    

မျှော်လင့်မထားသည့် တုံ့ပြန်မှုဆိုပေမဲ့ ကြိုသိထားခဲ့ရင်တောင် ရှောင်ဖြစ်မှာမဟုတ်တဲ့အတွက် ယူဂျင်း ကိုကို့ထိုးချက်အားကျေကျေနပ်နပ်ခံယူလိုက်သည်။

"" အင်း ဟုတ်ပြီ ကိုကို ထပ်ထိုးချင်သေးလား ရတယ်နော် ကျွန်တော်ဒီလိုငြိမ်ငြိမ်လေးပဲရပ်နေမှာ ""

တည်ငြိမ်စွာပြောလိုက်တဲ့သူ့စကားအဆုံး ကိုကို့မျက်နှာအမူအရာမှာလည်းပြောင်းသွားခဲ့ကာ ...

"" ငါမင်းကိုမုန်းပစ်ချင်လိုက်တာ ဟန်ယူဂျင်း ""

ပြောပြောဆိုဆိုဖြင့် သူ့ရင်ခွင်ထဲတိုးဝင်လာတဲ့ကိုကို။

"" ဒါပေမဲ့ ငါ .. အဲ့လိုမလုပ်နိုင်ဘူး ""

သူ့ပခုံးထက်မျက်နှာအပ်လို့ကလေးလေးတစ်ယောက်လို ကိုကို တအိအိရှိုက်ငိုလာလေတော့ ယူဂျင်းလုပ်မိတာက... ကိုကို့တစ်ကိုယ်လုံးအား တင်းကြပ်စွာ သိမ်းကျုံးဖက်ခြင်းသာ။

အဲ့လိုဖက်လိုက်သည်နှင့် သူခံစားမိလိုက်သည်မှာ.. အရင်ကထက်သိသိသာသာပိုသေးသွားတဲ့ ကိုကို့ခါးလေးရဲ့အရွယ်အစားပင်။

"" ကိုကိုတအားပိန်သွားတာပဲ ""

"" မင်းကြောင့်လေ! ငါ့မှာမင်းတစ်ယောက်ပဲရှိတာသိရဲ့သားနဲ့... ငါ့ကိုတစ်ယောက်တည်းထားခဲ့တာ... ထမင်းစားစားပွဲမှာတစ်ယောက်တည်းထမင်းထိုင်စားရတာကိုအမုန်းဆုံးဆိုတာသိရဲ့သားရဲ့ တစ်ရက်ကလေးတောင်ပြန်မလာခဲ့တာ.... ငါဘယ်လောက်ထိ.... ငါဘယ်လောက်ထိ.. လွမ်းနေခဲ့လဲ မင်းသိလား!!!! ""

"" ကျွန်တော်လည်းအများကြီးလွမ်းနေခဲ့တာ ""

"" မင်းလည်းငါ့ကိုထားသွားပြီထင်နေတာ ""

"" ကျွန်တော်ကဘာလို့ကိုကို့ကိုထားသွားရမှာလဲ ""

"" ထားသွားလို့လည်းမရပါဘူး
မင်းထားသွားရင်ငါသေပစ်လိုက်မှာ ""

"" ကိုကို! တော်ပြီဗျာ မွေးနေ့ကြီးမှာဘာလို့ဒီလိုစကားတွေပြောနေရတာလဲ ""

ပြောရင်းနှင့်ယူဂျင်း ဖက်ထားရာမှခွာဖို့ပြင်တော့ သူ့ခါးကို မူလကထက် ပိုမိုတင်းကြပ်စွာဖက်လာခဲ့တဲ့ ကိုကို့လက်တွေကြောင့် ရုန်းမရတော့ပေ။

Already Yours Where stories live. Discover now