[ 12 ]

875 63 8
                                    


"" ရော့.. စားကြည့် ကောင်းတယ် ""

"" ကျေးဇူးပါဟျောင်း ""


ထယ်ရယ်ဟျောင်းလက်ထဲမှမုန့်ထုပ်လေးအား ကျေးဇူးတင်စွာဖြင့်လှမ်းယူလိုက်ရင်း ဂယူဗင်း ချက်ချင်းဖောက်စားလိုက်သည်။

"" woah ... ဒီအရသာက.... ""

ထင်ထားတာထက် အများကြီးပိုစားကောင်းနေတာကြောင့် ဂယူဗင်းမျက်လုံးလေးတွေမှာ ကောင်းကင်ပေါ်ကကြယ်လေးတွေလိုမျိုး တဖိတ်ဖိတ်လက်လာလေသည်။

"" ဘာလို့လဲ ထူးဆန်းနေလို့လား ""

"" ဟင့်အင်း နည်းနည်းလေးမှမထူးဆန်းဘူး
အရမ်းအရမ်းစားကောင်းနေတာဗျ
နေပါဦး ဒီတံဆိပ်တစ်ခါမှမမြင်ဖူးပါဘူး
အသစ်ထွက်တာလားဟျောင်း ""

"" ဟုတ်တယ် အသစ်ထွက်တာ
ငါ့သူငယ်ချင်းတစ်ယောက်ထုတ်တာလေ
စားကောင်းတယ်ဆို မှာပေးမယ် ""


"" အားနာစရာကြီးဟျောင်းကလည်း
ငါးပါကင်လောက်မှာပေးနော် ""


ထယ်ရယ်ဟျောင်းအား ရွှတ်နောက်နောက်ပြောနေရင်း ဂယူဗင်းစိတ်ထဲ ရုတ်တရက်ကြီး ယူဂျင်းကိုလွမ်းလာသလို ခံစားလိုက်ရသည်။

ကြည့်ရတာ သူ အရမ်းအရသာရှိတဲ့မုန့်လေးကိုစားနေရလို့ ယူဂျင်းကိုသတိရသွားတာထင်ပါသည်။ စားကောင်းတာလေးစားနေရရင် ချစ်ရတဲ့သူတွေကိုသတိရတတ်တာထုံးစံပဲမဟုတ်လား။

"" ဟျောင်း ကျွန်တော့်ရဲ့အတွင်းရေးမှူးဟန် ဘယ်သွားနေတာလဲဟင် ""


"" ယူဂျင်းလား သူအခု designer team မှာထင်တယ် ""


"" ဒါဆိုကျွန်တော်လည်းခဏလိုက်သွားလိုက်ဦးမယ် ""


ထယ်ရယ်ဟျောင်းကို နှုတ်ဆက်ပြီးသည်နှင့်
ဂယူဗင်း မုန့်ထုပ်လေးကိုကိုင်ကာ ယူဂျင်းရှိနေသည့် designer team ဘက်ထွက်လာခဲ့လိုက်သည်။


"" ဟော ဟိုမှာ တွေ့ပြီ ""

centerတွင်နေရာယူရင်း အသစ်ထုတ်မည့် designအတွက် detailကျကျရှင်းပြနေသည့် ယူဂျင်း၏ပုံစံမှာ သူ့အတွက် အလွန်အင်မတန်မှ ဆွဲဆောင်မှုရှိလှတာကြောင့် ဂယူဗင်းမှာ ငေးခနဲဖြစ်သွားရသည်။

You've reached the end of published parts.

⏰ Last updated: Dec 22, 2023 ⏰

Add this story to your Library to get notified about new parts!

Already Yours Where stories live. Discover now