ဖျားချင်သလိုဖြစ်နေတဲ့ကိုကို့ကိုစိတ်ပူနေတာနဲ့ ယူဂျင်း ရေကိုတောင် ၅မိနစ်အတွင်းအမြန်ပြီးအောင်ချိုးပြီး ထွက်လာခဲ့ပေမဲ့ ကိုကိုမရှိတဲ့အခန်းလွတ်ကိုသာ မြင်လိုက်ရတာကြောင့် အဝတ်အစားကိုမြန်မြန်ဝတ်ပြီး အောက်ထပ်ပြေးဆင်းလာခဲ့သည်။
ကပျာကယာ ဟိုရှာဒီရှာ လုပ်နေတဲ့ သူ့ကိုမြင်တာနဲ့ အိမ်တော်ထိန်းဂင်က တန်းသဘောပေါက်သွားပုံရသည်။ အဲ့ဒါကြောင့် သူ ကိုကို့ကိုတွေ့မိလားဆိုပြီး မမေးရသေးခင်မှာဘဲ ပြောပြလာခဲ့သည်။
"" ဂယူဗင်း စောစောကသူ့မိတ်ဆွေတစ်ယောက်နဲ့သွားတွေ့မလို့ဆိုပြီး အပြင်ထွက်သွားတယ်သား ""
"" ဘယ်ကိုထွက်သွားတာလဲ ဦးလေးသိလား ""
"" လမ်းထိပ်တင်ပဲလို့တော့ပြောသွားတာပဲ
ကားမယူသွားဘူးဆိုတော့နီးနီးနားနားနေမှာပါ ""ဘယ်လိုပဲ နီးနီးနားနားဆိုဆို ယူဂျင်းကတော့ လုံးဝစိတ်မချဘူးမလို့ သူပါအိမ်ထဲကနေပြေးထွက်လာခဲ့တော့သည်။
ဦးလေးပြောလိုက်တဲ့ လမ်းထိပ်ဆိုတဲ့နေရာကို အပြေးလာခဲ့ရာက တစ်နေရာအရောက်မှာတော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့်
ယူဂျင်းခြေလှမ်းတွေ တိခနဲ ရပ်တန့်သွားရသည်။တစ်ယောက်ယောက်က ကိုကို့ပါးလေးနှစ်ဖက်ကိုအုပ်ကိုင်ထားသလို ကိုကိုကလည်း သူ့ပါးပေါ်ကအဲ့ဒီလူရဲ့လက်တွေကိုပြန်ကိုင်ထားပြီး ကလေးလေးတစ်ယောက်လို ချွဲနေတာပင်။
"" ကျေးဇူးပါဟျောင်း ""
"" ရပါတယ် ဂယူဗင်းရဲ့
နေကောင်းအောင်နေဦးနော် """" ဟုတ် ဟျောင်းလည်းကျန်းမာရေးဂရုစိုက် ""
"" အင်းပါ ဒါနဲ့ ဒီအထုပ်တွေတစ်ယောက်တည်းနိုင်ရဲ့လား ဟျောင်း အိမ်အထိလိုက်ပို့ပေးရမလား ""
"" အာ မဟုတ်တာ...ဟျောင်းက shooting သွားရဦးမယ်လေ ပေးပေး ကျွန်တော်တစ်ယောက်တည်းသယ်နိုင်ပါတယ် ""
မှောင်နေတာမလို့ ယူဂျင်း တစ်ဖက်လူရဲ့မျက်နှာကိုသေချာမမြင်ရပေမဲ့ အရပ်အမောင်း၊ အသံနေအသံထား၊ စကားအသွားအလာတွေအရ အဲ့ဒီလူက ဆောင်းဟန်ဘင်းပဲဆိုတာ သေချာသိလိုက်ရပါသည်။
![](https://img.wattpad.com/cover/343217798-288-k821013.jpg)