သူ့ဇက်ကလေးသူကိုင်ကာဟိုနှိပ်ဒီနှိပ်လုပ်နေတဲ့ကိုကို့ကို ယူဂျင်း မကြည့်ရက်တော့တာနဲ့ ကိုကို့အနားလျှောက်သွားလိုက်ကာ...
"" ဖယ်.. ကျွန်တော်နှိပ်ပေးမယ် ""
သူပြောလိုက်တော့ ကိုကိုက ချစ်စရာကောင်းအောင်ပြုံးပြလျက် ကျေးဇူးတင်စကားဆိုသည်။
"" ကျေးဇူး ယုန်ပေါက် ""
"" နာရင်ပြော ""
"" အိုခေ ""
ယူဂျင်း နှိပ်ပေးနေရင်း ငါးမိနစ်လောက်အကြာမှာပဲ ဂယူဗင်းကခေါင်းကိုနောက်လှန်ချလာပြီး ယူဂျင်းမျက်နှာကိုဇောက်ထိုးကြည့်လျက်ပြောလာခဲ့သည်။
"" ငါတို့ခေါက်ဆွဲစားကြမလား ""
ရုတ်တရက်ကြီးထပြောလာတဲ့ ဂယူဗင်းစကားကြောင့် ယူဂျင်း အရင်ဆုံးတွေးလိုက်မိတာက dramaတွေထဲကဇာတ်ဝင်ခန်းတချို့။
သူ့အတွေးနဲ့သူ ပါးတွေရဲလာတဲ့ ယူဂျင်းကိုကြည့်ကာ ဂယူဗင်း ပြုံးစိစိနဲ့ပြောလာတော့သည်။
"" ငါကတကယ့်ခေါက်ဆွဲကိုပဲစားမလားမေးတာပါနော် ""
"" ကျွန်တော်လည်းဘာပြောနေလို့လဲ.. ""
ယူဂျင်းကပြောပြောဆိုဆိုနဲ့ ဂယူဗင်းခေါင်းကိုဆွဲမတ်ပေးလိုက်ကာ စကားလမ်းကြောင်းလွှဲလိုက်သည်။
"" ဇတ်နာလိမ့်မယ် အဲ့လိုကြီးလှန်မထားနဲ့တော့ ""
"" စားရအောင်လို့ ခေါက်ဆွဲ ""
"" ခုနကပဲထမင်းစားထားတာမဟုတ်ဘူးလား ""
"" ခေါက်ဆွဲလေးတစ်ဘူးထပ်စားတာဘယ်လောက်ဗိုက်ပြည့်မှာမို့လို့လဲ ""
"" အင်းပါဗျာ သဘော သဘော ""
ယူဂျင်းဆီကခွင့်ပြုချက်ရတာနဲ့ ဂယူဗင်းတို့မတ်တပ်ထရပ်ကာ အနွေးထည်ကောက်ဝတ်တော့သည်။
"" ကိုကိုချမ်းနေလို့လား ""
"" မဟုတ်ပါဘူး
ငါတို့အခုအပြင်သွားမှာမလို့လေ """" အိမ်မှာပဲပြုတ်စားမှာမဟုတ်ဘူးလား ""
"" ဟင့်အင်း
ကျောင်းနားက storeဆိုင်မှာသွားစားမှာ ""
![](https://img.wattpad.com/cover/343217798-288-k821013.jpg)