[ 4 ]

792 97 5
                                    

ယူဂျင်းတစ်ယောက် ဟန်ဘင်းအကြောင်း
မေးပြီးထွက်သွားလိုက်တာ တစ်နာရီနီးပါးလောက်ကြာတော့မှ ရုံခန်းထဲပြန်ရောက်လာခဲ့သည်။

"" ဘယ်တွေသွားနေတာလဲ ""

ဂယူဗင်း မေးရင်းနဲ့ ယူဂျင်းဘက်လှည့်အကြည့် ယူဂျင်းလက်ထဲမှာကိုင်လာတဲ့ကော်ဖီခွက်လေးကိုမြင်လိုက်ရကာ မျက်လုံးလေးတွေ အရောင်လက်သွားတော့၏။

သူခုနကအိပ်ငိုက်နေလို့ကော်ဖီသောက်ချင်တယ်ဆိုပြီးညည်းလိုက်တာကို ယူဂျင်းကသတိထားမိလိုက်တာလား?

"" အဲ့ဒါငါ့အတွက်လား ""

သူမေးလိုက်တော့ ယူဂျင်းက
မျက်နှာသေဖြင့်ပြန်ဖြေလာပါသည်။

"" လမ်းကြုံလို့ကောက်ထည့်လာတာ
သောက်ချင်လည်းသောက်လေ ""

ကော်ဖီခွက်ကို ဂယူဗင်းရဲ့အလုပ်စားပွဲပေါ်တင်ပေးပြီးတာနဲ့ ယူဂျင်း ဂယူဗင်းကိုတစ်ချက်လေးတောင်လှည့်မကြည့်တော့ပေ။

ဂယူဗင်းကတော့ ယူဂျင်းစိတ်အခြေအနေကိုနည်းနည်းလေးတောင်သတိမထားမိသေးဘဲ ကော်ဖီကိုအရသာခံသောက်ရင်း သီချင်းလေးတောင်ညည်းလိုက်သေးသည်။

"" ယောက်ျားတစ်ယောက်ချစ်မိသွားတဲ့အခါ .. အမြဲတမ်းအနားမှာကပ်တွယ်နေတတ်ပြီး လုပ်ပေးချင်မိတဲ့အရာတွေ အရမ်းများလွန်းတယ် ~~~ ""

ကော်ဖီအရသာက သူကြိုက်တဲ့အရသာကွက်တိဖြစ်နေတာနဲ့တင် ဒီကော်ဖီက ယူဂျင်းကိုယ်တိုင် တကူးတကဖျော်လာပေးတာမှန်း သူသိလိုက်သည်လေ။ အဲ့ဒါကြောင့်ပဲ
ဂယူဗင်း ကော်ဖီသောက်ရင်း အလိုလိုမြူးလာပြီး သီချင်းပါထဆိုနေမိ‌တော့တာပင်။

"" အချစ်မှာနစ်မြောသွားတဲ့အခါ ကိုယ့်ဘဝရဲ့အရာရာကိုပေးဆပ်ပြီး တစ်ခုတည်းကိုပဲမျှော်လင့်မိတယ် အချစ်မှာနစ်မြောသွားတဲ့အခါပေါ့~~~ ""

သို့ရာတွင် သူဆိုလိုက်တဲ့ သီချင်းစာသားတွေကတစ်စုံတစ်ယောက်အတွက်တော့ ရင်ဝကိုတည့်တည့်ထိမှန်လာတဲ့လက်နက်‌တွေအလားခံစားလိုက်ရတာကြောင့် အိုးမလုံအုံပွင့်ကာ ထအော်လာပါတော့သည်။

"" တိတ်တိတ်နေပေးလို့မရဘူးလား ကိုကို..
ဒီမှာကျွန်တော်အလုပ်ထဲအာရုံစိုက်လို့မရတော့ဘူး ""

Already Yours Where stories live. Discover now