အပိုင်း(၁) : ဒီမှာ တစ်ယောက်ယောက်ရှိလား
" ဟူး ....ငါ လုံးဝကို ခြေကုန်လက်ပန်းကျပြီး ပင်ပန်းနေပြီ။ "
ဆယ်ဂျွန်းသည် လစဉ် လစာ ဝမ် ၂ သန်းရသော်လည်း ငှားရမ်းထားသော အိမ်လခ နှင့် ကျောင်းသားချေးငွေ တို့ကို အရစ်ကျပေးချေပြီး လစဉ်အသုံးစရိတ်ကို နှုတ်လိုက်သည့်အခါ ဝမ် ၁ သန်း စုမိသည်။ ထိုသို့ လစဉ်စုဆောင်းခြင်းဖြင့် သူ၏ ဘဏ်အကောင့်ထဲတွင် ဝမ် ၁၂ သန်းမျှ ရှိနေပြီ ဖြစ်သည်။
ထိုအရာက ပမာဏအများအပြားဖြစ်သော်လည်း ဆယ်ဂျွန်း၏ အိမ်မက်ကို အကောင်အထည်မဖော်နိုင်သေးပေ။
"ဟူးး ငါ ဘယ်အချိန်မှ လက်မှတ်ဝယ်နိုင်မှာလဲ။ ငါ လက်မှတ်တစ်စောင်တောင် ဝယ်နိုင်ပါ့မလား။ "
စိန်ခေါ်မှု ပြင်းပြနေသော ရည်မှန်းချက်၏ လွှမ်းမိုးမှုကြောင့် ဆယ်ဂျွန်း သက်ပြင်းချလိုက်မိသည်။
လွန်ခဲ့သည့် ဆယ်နှစ်က ဆိုးလ်မြို့၊ ဂန်းနမ်၏ အလယ်ဗဟိုတွင် အထပ်ပေါင်း ၉၉ ထပ် ပါရှိသည့် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် မျှော်စင်ကြီး ပေါ်ပေါက်လာသည်။ မျှော်စင်သည် ဆောက်လုပ်ရေးပုံစံများနှင့် ရူပဗေဒ နည်းနာများကို သွေဖယ်နေသောကြောင့် ကျော်ကြားသည်။
အလားတူ မျှော်စင်များသည် ကမ္ဘာတစ်ဝှမ်းရှိ မြို့ပေါင်း ၁၀၀ တွင် တစ်ချိန်တည်း ပေါ်ပေါက်လာသည်။ နိုင်ငံတိုင်းသည် ၎င်းတို့၏ နယ်နိမိတ်အတွင်း ပေါ်ပေါက်လာသည့် မျှော်စင်အား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း တွေ့ရှိချက်မှ အကျိုးအမြတ် အနည်းငယ်သာ ရရှိခဲ့သည်။
ရှာဖွေတွေ့ရှိခဲ့သည့် အချက်အလက်များအရ အဆိုပါ မျှော်စင်သည် အမြင့် ၉၉၀ မီတာမြင့်ပြီး ခိုင်ခံ့သော ပစ္စည်းများဖြင့် တည်ဆောက်ထားကာ နျူကလီယားဗုံးနှင့်ပင် မပျက်စီးနိုင်သည့်အပြင် သာမန်မျက်စိဖြင့် မြင်နိုင်သည့် ဝင်ပေါက် မရှိကြောင်း သိရသည်။
မထင်မှတ်ထားသော အဖြစ်အပျက်တစ်ခုတွင် လူများသည် မျှော်စင်မှ တစ်ယောက်ပြီးတစ်ယောက် စတင်ထွက်ပေါ်လာကြသည်။ သူတို့သည် မျှော်စင်၏ နံရံများကို သဘာဝအတိုင်း ဖြတ်သန်းသွားလာနိုင်ပုံရသည်။
YOU ARE READING
မျှော်စင်ထဲ တစ်ကိုယ်တော် စိုက်ပျိုးခြင်း
Fantasyမျှော်စင်တွေ ကမ္ဘာအနှံ့ ပေါ်ထွက်လာပြီးနောက် အထဲဝင်ရောက်ရန် လက်မှတ်ဝယ်ယူဖို့ ပိုက်ဆံစုနေတဲ့ ကျောင်းသားလေး ဆယ်ဂျွန်းက ဈေးဝယ်ပြန်လာတုန်းမှာ တွင်းနက်ကြီးတစ်ခုနဲ့ ကြုံတွေ့ခဲ့တယ် အဲဒီတွင်းနက်ကြီးက မျှော်စင်ဝင်ပေါက်ဆိုတာ သိနေတာ့ ထီပေါက်တာထက် ကံထူးပြီဟေ့ဆို...