အခန်း(၆.၂)

576 96 4
                                    


၆.၂

ဆယ်ဂျွန်း မျက်လုံးပွင့်လာသည်နှင့် ကျောက်နံရံဆီ သွားလိုက်သည်။

ဂျိ

ငါးရိုးဖြင့် ကျောက်နံရံပေါ် ၁၅ ခုမြောက် မျဉ်းကို ခြစ်လိုက်သည်။ ဂူထဲ ရောက်နေသည်မှာ ၇၅ ရက် ရှိသွားလေပြီ။

ဗွမ်း

ဆယ်ဂျွန်းက ရေကန်ငယ်လေးမှာ မျက်နှာသစ်လိုက်ပြီးနောက် အသိပြန်ကပ်လာသည်။ သူက ဘယ်ဘက်လက်တွင် မီးတုတ်ကို ကိုင်ရင်း ရေကန်အကြီးပေါ် ဘယ်ညာဝေ့ယမ်းလိုက်သည်။

ဗွမ်း

မီးရောင် မြင်သည့် ငါးက ခုန်ထွက်လာ၏။ သူ စွမ်းရည်အသက်ဝင်လာကတည်းက ငါးနာမည်ကို သိခဲ့ရသည်။ သူတို့ခေါင်းအထက်တွင် နာမည်ကို ရေးသားထား၏။

[အသားစားငါးငယ်]

သူက ညာဘက်လက်မှ တုတ်ဖြင့် ရိုက်ချလိုက်သည်။ တုတ်ကို ကြက်သွန်မြိတ်အရွက်ခြောက်များကို အထပ်ထပ် ကြိုးဖြင့်စည်းကာ လုပ်ထားခြင်း ဖြစ်၏၊

ဖြောင်း

တုတ်ဖြင့် အရိုက်ခံထားရသည့် အသားစားငါးက မြေပေါ် ဖြတ်ဖြတ်လူးနေသည်။ ဤနည်းဖြင့် ဆယ်ဂျွန်းက ငါး ၅ ကောင်ကို ဖမ်းခဲ့သည်။ ယုန်ပေါက်လေးများအရေအတွက်ကြောင့် သူ ဖမ်းယူရသည့် ငါးအရေအတွက် တိုးပွားလာခဲ့သည်။

တစ်လကြာမြင့်ပြီးနောက်

[ အသားစားငါးငယ်တစ်ကောင်ကို အနိုင်ယူခဲ့ပါတယ် ]

[သင့်ဆီမှာ အတွေ့အကြုံမှတ် ၂ မှတ် ရရှိပါတယ် ]

အသားစားငါးများက သေဆုံးသွားသည့်အခါ သူက အတွေ့အကြုံမှတ် ရလာသည်။ စွမ်းရည်အသက်ဝင်လာကတည်းက ဆယ်ဂျွန်းသည် အတွေ့အကြုံမှတ်များ ရလာသည်။ ထိုကျေးဇူးကြောင့် သူက အဆင့်(၂) ရောက်သွားခဲ့လေပြီ။

သို့သော်လည်း သူက အသားစားငါးများကို မဆင်မခြင် အမဲလိုက်၍ မရပေ။ ပြောရလျှင် အသက်ရှင်ဖို့က အတွေ့အကြုံမှတ်များထက် ပိုအရေးကြီးနေသည် မဟုတ်ပါလော။

အကယ်၍ အသားစားငါး ဥ များ ပြတ်လပ်သွားခဲ့လျှင် ဆယ်ဂျွန်းနှင့် ယုန်များက ဒုက္ခရောက်လိမ့်မည်။ ထို့ကြောင့် သူက လိုအပ်သလောက်သာ ဖမ်းဆီးစားသုံး၏။

မျှော်စင်ထဲ တစ်ကိုယ်တော် စိုက်ပျိုးခြင်းOnde histórias criam vida. Descubra agora