အခန်း(3)

797 125 12
                                    

အပိုင်း(၃) : အပင်အညှောင့်ထွက်ခြင်း

ဂျွတ်

ကြက်သွန်မြိတ်ကို ကိုက်လိုက်ချိန် သာယာဖွယ်အသံ ထွက်လာကာ ထင်ထားသည်ထက် ကိုက်ရသည်က ပိုလွယ်ကူနေခဲ့သည်။

အာ့

ကြက်သွန်မြိတ်ကို ဝါးလိုက်သည်နှင့် အစပ်အရသာသည် ပါးစပ်ထဲ ပျံနှံ့သွားသည်။ စပ်ပြင်းသည့် အရသာက ခန္ဓာကိုယ်ကို ပူလာစေသည်။ ချွေးပေါက်များပွင့်ကာ မိုးရွာသကဲ့သို့ စိုရွဲလာသည်။

တံတွေးများပင် မျိုချလိုက်ရသည်။

ဆယ်ဂျွန်း စီးကျနေသော ချွေးများကို သုတ်ကာ ကြက်သွန်မြိတ်ကို ဆက်ဝါးနေခဲ့သည်။ သို့သော် မျှော်လင့်ထားသော ချိုမြိန်မှု ပေါ်မလာပေ။

အစပ်အရသာ ပိုပြင်းလာတော့ ပိုချိုလာမယ်ထင်ထားတာ...

ဒါကြီးတစ်ခုလုံးက အစပ်အရသာကြီးပဲ

ဂလု

ကြက်သွန်မြိတ်ကို မျိုချလိုက်သည်နှင့် အစပ်အရသာ ရှင်းရှင်းလင်းလင်း ပျောက်သွားသည်။ ကံကောင်းစွာဖြင့် ဗိုက်နာခြင်းတော့ မဖြစ်ခဲ့ပေ။

ငါ စပ်တာတစ်ခုခု အာသီသ ရှိတဲ့အချိန် ကြက်သွန်မြိတ် စားလို့ရတာပဲ

ဂျွတ်

ဆယ်ဂျွန်းက အစပ်အရသာပဲ ရှိသော ကြက်သွန်မြိတ်များကို ဆက်၍ စားနေခဲ့သည်။ ယခုချိန်မှာ ဆာလောင်မှုကို ဖြေသိမ့်ရန် သူ စားရမည်။

ထို့ကြောင့် ချွေးသံရဲရဲကျကာ ကြက်သွန်မြိတ်တစ်ပေမျှကို စားခဲ့သည်။ သို့သော် ချွေးပိုထွက်လေ ခန္ဓာကိုယ်က ပို၍ ပေါ့ပါးလာသည်ဟု ခံစားရသည်။

ဂျွတ်ဂျွတ်

ဆာလောင်မှုကို ကြက်သွန်မြိတ်စားကာ ဖြေသိမ့်ခဲ့သော ဆယ်ဂျွန်းသည် သူ့နေရာကို အရိပ်ပေးနေသည့် ကြက်သွန်မြိတ်ပင်ကို သနားညှာတာမှု မရှိစွာ ချိုးလိုက်သည်။ ချိုမြိန်မှုလုံးဝ မရှိသောကြောင့် ဒေါသပြေပျောက်စေရန် မဟုတ်ပေ။

အဲ့လိုကြောင့် မဟုတ်ဘူးလို့တော့ မပြောကြရအောင်။ ငါ နည်းနည်းတော့ မျှော်လင့်ခဲ့မိတာပေါ့...

မျှော်စင်ထဲ တစ်ကိုယ်တော် စိုက်ပျိုးခြင်းTempat cerita menjadi hidup. Temukan sekarang