အခန်း(၁၁)

331 65 5
                                    


မျှော်စင်ထဲ တစ်ကိုယ်တော် စိုက်ပျိုးခြင်း အပိုင်း (၁၁)

အနက်ရောင် နဂါးကြီး အယ်လင်း သည် ဆယ်ဂျွန်း ဂူထောင့်တွင် ဖွက်ထားသည့် ကန်စွန်းဥများကို ရှာဖွေတွေ့ရှိသွားသည်။ ဇွဲကောင်းလှသော ဖျောင်းဖျမှု​ကြောင့် သူမသည် လူသားဆီမှ တာဝန်အနေဖြင့် ကန်စွန်းဥ ၃လုံးနှင့် အရွက်တချို့ကို ရရှိခဲ့ပြီး သူတို့ကို မီးကင်ဖို့ စတင်လိုက်သည်။

ကန်စွန်းဥကင်များ ပြုလုပ်ခြင်းသည် ကန်စွန်းဥများကို အရွက်များဖြင့် ပတ်၍ မီးထဲထည့်ရုံမျှဖြစ်သည့်အတွက် ဖန်လုံးမှတစ်ဆင့် မြင်ရသည်မှာ မယုံနိုင်လောက်အောင် လွယ်ကူနေသည်။

"လူသား လုပ်နိုင်တဲ့အရာကို မြင့်မြတ်တဲ့ အနက်ရောင် နဂါးကြီးဖြစ်တဲ့ ငါ မလုပ်နိုင်စရာအကြောင်း မရှိဘူး။"

အယ်လင်းက အောင်မြင်လိမ့်မည်ဟု ယုံကြည်ချက် ရှိနေသည်။ မည်သို့ပင်ဆိုစေကာမူ ပထမဦးဆုံး ကန်စွန်းဥကင်က စား၍ပင် မရလောက်အောင် မီးသွေးတုံး အသွင်ပြောင်းသွားကာ လုံးဝတူးသွားသည့်အတွက် လွင့်ပစ်လိုက်ရသည်။ ဒုတိယတစ်ခု အနေဖြင့် မီးထဲမှ အလျင်အမြန် ထုတ်လိုက်သည့်အတွက် အထဲက မကျက်ပေ။ ကန်စွန်းဥကို ကင်ခြင်းသည် တစ်ဦးတစ်ယောက်၏ စိတ်ရှည်သည်းခံမှုကို စမ်းသပ်သည့် နက်နဲလှသော ဟင်းပွဲတစ်မျိုး ဖြစ်ပေသည်။

"ဟီးဟီးဟီး ဒါကောင်းကောင်း အလုပ်ဖြစ်သွားပြီလား။"

အယ်လင်းသည် မျှော်လင့်တကြီး မျက်လုံးများဖြင့် ချိုမြိန်မှုနှင့်အတူ မီးခိုးနံ့ထွက်နေသည့် နောက်ဆုံးလက်ကျန် ကန်စွန်းဥကင်ကို ထုတ်ယူလိုက်သည်။ ကျရှုံးမှု ၂ခုမှ ကျွမ်းကျင်မှုကြောင့် ယခုတစ်ကြိမ် အောင်မြင်မည်ဟု သေချာနေသည်။

သူမက ကန်စွန်းဥကင်ကို လက်သည်း ၂ခုဖြင့် ဂရုတစိုက် ကိုင်ကာ တစ်ဝက် ပိုင်းလိုက်သည်။

"ဟမ်"

ထိုအရာက လူသား သူမကို ပေးခဲ့သည့် ကန်စွန်းဥကင်ကို ပိုင်းဖြတ်ခဲ့သည်နှင့် မတူဘဲ ကွဲပြားနေသည်ဟု ခံစားနေရသည်။

မျှော်စင်ထဲ တစ်ကိုယ်တော် စိုက်ပျိုးခြင်းDonde viven las historias. Descúbrelo ahora