၁၃.၁

351 46 4
                                        


အခန်း (၁၃) - စာချုပ် ချုပ်ဆိုခြင်း

သီအိုက မျှော်စင်ရှိ ကြားနေဇုံထဲမှ တစ်ခုဖြစ်သည့် ၇၅ ထပ်မြောက်မှ ဖြစ်၏။

သီအိုက အချိန်အတော်ကြာသည့်အထိ ဂရန်နီယာရွာရဲ့ အလှဆုံး မိန်းကလေး မာရယ်အပေါ် စွဲလမ်းနေခဲ့မိသည်။

"သီအို ... မင်း အချစ်ကို ဝန်ခံလိုက်တော့။ မင်း လုပ်နိုင်ပါတယ်"

"ဟုတ်တယ်။ အရဲရင့်ဆုံးသူပဲ အလှလေးကို ရနိုင်မှာ "

"ဝန်ခံလိုက် ဝန်ခံလိုက် "

ရွာထဲရှိ အချမ်းသာဆုံး မိသားစုမှ သားဖြစ်သူ သူ့သူငယ်ချင်း အိုရန်ဆီမှ အားပေးမှု ရပြီးသည့်နောက်တွင် သီအိုက ဖုံးကွယ်ထားသည့် သူ့အချစ်ကို ဖွင့်ဟဝန်ခံခဲ့သည်။

"မာရယ် ငါ မင်းကို သဘောကျတယ်။ ငါနဲ့ တွဲချင်လား "

သို့သော်ငြား ...

" ဟမ် ကိုယ့်နေရာကို သိစမ်းပါ။ ငါ့ကို လာအထင်သေးနေတာလား "

"ဟုတ်တယ် သီအို ... မင်း နေရာ မင်းသိစမ်းပါ။ မာရယ်နဲ့ ငါက ဒိတ်လုပ်နေကြပြီကွ၊ ဟားဟား "

အိုရန်က မာရယ်၏ နှုတ်ခမ်းများကို နမ်းရှိုက်ပြီး သီအိုကို လှောင်ရယ်နေခဲ့သည်။

"ဟားဟား ... သီအိုရဲ့ အဲဒီငကြောင်ရုပ်ကို ကြည့်လိုက်စမ်းပါဦး "

" ဟားဟား သူက အခု ရွာထဲ မျက်နှာပြနိုင်ဦးမှာလား"

လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က မာရယ်ဆီမှ အပြုံးနှင့် သူငယ်ချင်းများဆီမှ ပြောရလျှင် သူငယ်ချင်းအယောင်ဆောင်နေကြသူများဆီမှ အားပေးမှုများ အားလုံးက ငတုံးသီအိုကို အရူးလုပ်ဖို့သာ ဖြစ်နေသည်။

ရွာထဲမှ လူများစွာရှေ့ အရှက်ခွဲခံလိုက်ရပြီးနောက် သီအိုက ရွာထဲ ခေါင်းမဖော်ရဲတော့ပေ။

သီအိုက တုန်လှုပ်မှုဖြင့် အိမ်ထဲမှာသာ နေနေပြီး ချမ်းသာလာပြီး လက်စားချေဖို့ ကုန်သည်လုပ်ဖို့ ဆုံးဖြတ်လိုက်တော့သည်။

"ငါ ချမ်းသာလာပြီး လက်စားပြန်ချေရမယ် "

သူ့တစ်ဘဝလုံး ကြိုးစားပမ်းစား ရှာဖွေကာ စုဆောင်းထားသည့် မျှော်စင်ဒင်္ဂါး ၅၀ ပြားနှင့် ကုန်သည် ဖြစ်လာဖို့ လိုအပ်သည့် လိုင်စင်နှင့် ကိရိယာများကို ဝယ်ယူခဲ့သည်။ ထို့နောက် ကျန်ရှိနေသည့် ဒင်္ဂါး ၅ ပြားဖြင့် ကုန်ပစ္စည်းများကို ဝယ်တော့မည့်ဆဲဆဲတွင် ...

မျှော်စင်ထဲ တစ်ကိုယ်တော် စိုက်ပျိုးခြင်းWhere stories live. Discover now